Connect with us

Videos

အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၇ ခုတွင် အပူလှိုင်း သတိပေးချက်ထုတ်ပြန်

နယူးဒေလီ၊ မေ ၂၄ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြည်နယ်ခုနစ်ခု၌ အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူများက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။Uttar Pradesh ပြည်နယ်၊ Gangetic West Bengal ပြည်နယ်၊ Jharkhand ပြည်နယ်၊ Haryana ပြည်နယ်၊ တောင်ဘက် West Rajasthan ပြည်နယ်၊ Chhattisgarh ပြည်နယ်၊ နှင့် မြောက်ဘက် Madhya Pradesh ပြည်နယ်တို့တွင် အပူလှိုင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်အများအပြားတွင် နွေရာသီအပူရှိန် ဆက်လက်မြင့်တက်လျက်ရှိသောကြောင့် လူများသည် အပူချိန် သက်သာရာရရန်အတွက် ရေခဲမုန့်ဆိုင်များနှင့် အအေးဆိုင်များဆီသို့ စုပြုံရောက်ရှိလျက်ရှိသည်။ (Xinhua)

———————
India issues heatwave alert for 7 states
India Meteorological Department has issued a heatwave alert for seven states, officials said on Sunday.
Heat wave conditions are very likely over some areas of Uttar Pradesh and Gangetic West Bengal, Jharkhand, south Haryana, West Rajasthan, Chhattisgarh and north Madhya Pradesh, according to the department.
As the blistering summer heat continues to grip several states, people have been flocking to ice cream shops and cold drink joints in search of relief.
Xinhua News Agency correspondents reporting from New Delhi. (XHTV)