Connect with us

Media

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ်တို့တွေ့ဆုံ

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် မေ ၂၄ ရက်က တွေ့ဆုံခဲ့သည်။ Mishustin သည် မေ ၂၃ ရက်မှ မေ ၂၄ ရက် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် အဖြစ်လာရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်။

ရှီက ရုရှားသမ္မတ ဗလာတီမာပူတင်ထံ နှုတ်ခွန်းဆက်စကား ကို Mishustin မှတဆင့် ပြောကြားခဲ့သည်။ ရှီက မတ်လက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏ အောင်မြင်သော နိုင်ငံတော် ခရီးစဉ်အတွင်း တရုတ်-ရုရှား ဆက်ဆံရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစိတ် အစီအစဉ်တစ်ရပ်ကို ၎င်းနှင့် ပူတင်တို့ အတူတကွ ရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်သည် တရုတ်-ရုရှား ဆက်ဆံရေး ပေါင်းစည်းကာဖွံ့ဖြိုးတိုးတက်ရန် ခေတ်၏ လမ်းကြောင်းနှင့် ပြည်သူများ၏ ပြင်းပြသောဆန္ဒဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များက ရရှိထားသော အရေးပါသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးအတွက် ဝန်ကြီးချုပ်အဆင့် ပုံမှန်အစည်းအဝေးများနှင့် ဆက်စပ်လုပ်ထုံးလုပ်နည်းများ အပြည့်အဝ အသုံးပြုဆောင်ရွက်ရန် အသင့်ရှိကြောင်း Mishustin က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
GLOBALink | Xi meets Russian PM
“Chinese President Xi Jinping on Wednesday met with Russian Prime Minister Mikhail Mishustin in Beijing. Mishustin paid an official visit to China from Tuesday to Wednesday. This is Mishustin’s first visit to China since he took office in January 2020.”
Xi asked Mishustin to convey his sincere greetings to Russian President Vladimir Putin. Xi said that during his successful state visit to Russia in March, he and Putin drew a blueprint for the future development of China-Russia relations and cooperation in various fields.
Xi said that it is the aspiration of the people and the trend of the times to consolidate and develop China-Russia relations.
For his part, Mishustin said Russia is ready to work with China to implement the important consensus reached by the two heads of state and make full use of the regular premier-level meetings and relevant mechanisms to deepen practical cooperation in various fields.
Xinhua News Agency correspondents reporting from Beijing.

(XHTV)