Connect with us

Asia

တရုတ်နှင့် မလေးရှား လူငယ်များ၏ စိတ်နှစ်မြှုပ်ဆောင်ရွက်မှုက BRI East Coast Rail Link စီမံကိန်းကြီးတွင် ထူးချွန်ပြောင်မြောက်လျက်ရှိ

မလေးရှားနိုင်ငံ Kelantan ပြည်နယ်ရှိ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်ရှိ အဓိက အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်သော East Coast Rail Link (ECRL) တည်ဆောက်မှုလုပ်ငန်းခွင်နေရာကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မေ ၅ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် တောက်ပသောနေရောင်အောက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်ရှိ အဓိက အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်သော East Coast Rail Link (ECRL) တည်ဆောက်ရေးလုပ်ငန်းခွင်က အင်အားပြည့်လည်ပတ်လျက်ရှိသည်။

မလေးရှားနိုင်ငံ Kelantan ပြည်နယ်ရှိ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်ရှိ အဓိက အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်သော East Coast Rail Link (ECRL) တွင် ပထမဆုံး Youth Rapid Response Team မှ ခေါင်းဆောင် ကျန်းထန် (လယ်) အား ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံမှ အလုပ်သမားများပါဝင်သော Youth Rapid Response Team အဖွဲ့ဝင် ၁၀ ဖွဲ့သည် ကီလိုမီတာ ၆၀၀ ကျော် တိုးချဲ့ထားသော လမ်းတစ်လျှောက် တက်ကြွစွာလုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ECRL ၏ ပထမဆုံး Youth Rapid Response Team ကို တည်ထောင်ခဲ့သည်။ အသက် ၃၃ နှစ်အရွယ် ကျန်းထန်က ယခုအခါ ယင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံသို့ မလာရောက်မီ အာဖရိကတွင် BRI စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းတစ်ခု၌ ပါဝင်လုပ်ကိုင်ခဲ့သည်။

“ကျွန်တော်တို့အဖွဲ့ဝင်တွေအားလုံးက လုပ်ငန်းရဲ့ အဓိကနေရာတွေမှာ လုပ်ကိုင်နေကြပြီး တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်” ဟု ကျန်းက ပြောခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အခက်အခဲအချို့ရှိခဲ့သော်ငြားလည်း ၎င်းတို့သည် လုပ်ငန်းတာဝန်၌ စိတ်နှစ်မြှုပ်ကာ နေ့စဉ် ရက်မအစိတ်အပိုင်းလေးခု ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

China Communications Construction Company (CCCC) မှ တည်ဆောက်သော ECRL သည် ကွန်ရက်ချိတ်ဆက်မှုကို ကြီးမားစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ တည်ဆောက်မှုပြီးစီးပါက မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဖွံ့ဖြိုးမှုနည်းပါးသောဒေသကို အနောက်ဘက်ကမ်းရိုးတန်းရှိ စီးပွားရေးအချက်အချာနေရာနှင့် ချိတ်ဆက်ပေးခြင်းဖြင့် တိုးတက်မှုမျှခြေ ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese, Malaysian youths’ dedication shines on BRI East Coast Rail Link megaproject
KUALA LUMPUR, May 4 (Xinhua) — Under the scorching sun in Malaysia, the construction work of the East Coast Rail Link (ECRL), a major infrastructure project under the Belt and Road Initiative (BRI), was in full swing.
Ten Youth Rapid Response Teams, employees from both China and Malaysia, are working actively on the construction sites along the line which expands more than 600 kilometers.
In July 2017, the first Youth Rapid Response Team of the ECRL project was established. Zhang Tan, 33, is now the team leader. Before coming to Malaysia, he had participated in the construction of a BRI project in Africa.
“All our team members work at the key sites of the line and play quite important roles,” said Zhang, adding that although there are some difficulties, they are devoted to their work and can produce four pieces of beams every day.
Built by the China Communications Construction Company (CCCC), the ECRL is expected to greatly enhance connectivity and bring more balanced growth to Malaysia, by linking its less-developed region of Malaysia on the East Coast to the economic heartland on the West Coast upon its completion.
Photo 1: This aerial photo taken on April 26, 2023 shows a construction site of the East Coast Rail Link (ECRL), a major infrastructure project under the Belt and Road Initiative (BRI) in Kelantan, Malaysia. (Xinhua/Zhu Wei)
Photo 2: Zhang Tan (C), leader of the first Youth Rapid Response Team of the East Coast Rail Link (ECRL), a major infrastructure project under the Belt and Road Initiative (BRI), inspects a construction site in Kelantan, Malaysia, April 26, 2023. (Xinhua/Zhu Wei)