Connect with us

Media

ကိုဗစ်-၁၉ ရောဂါက အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ရှိနေတော့မည်မဟုတ်ဟု WHO ကြေညာ

ဂျီနီဗာ၊ မေ ၆ ရက် (ဆင်ဟွာ)

ကိုဗစ်-၁၉ (COVID-19) ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အမြင့်ဆုံးသတိပေးအဆင့်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဆက်လက်ရှိနေတော့မည် မဟုတ်ကြောင်း WHO က မေ ၅ ရက်၌ ပြောကြားခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့၌ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။

WHO က COVID-19 ၏ အမြင့်ဆုံးသတိပေးချက်ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကျွမ်းကျင်သူအဖွဲ့သုံးလတစ်ကြိမ်ကျင်းပသည့် အစည်းအဝေးများတွင် ယင်းသတိပေးချက်ကို ဆက်လက်ထုတ်ပြန်ခဲ့သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာအနှံ့အပြားတွင် ဆက်လက်ပျံ့နှံ့လာချိန် ၂၀၂၀ ပြည့်နှစ် မတ်လတွင် WHO မှ COVID-19 ကို ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)

…………………………………….
(English Version)
COVID-19 no longer int’l health emergency: WHO

The World Health Organization (WHO) said on Friday that the COVID-19 pandemic no longer constitutes a Public Health Emergency of International Concern (PHEIC), the WHO’s highest alert level.
Tedros Adhanom Ghebreyesus, director-general of WHO, made the announcement at a virtual press conference from Geneva.
The WHO first gave COVID-19 its highest level of alert on Jan. 30, 2020, and a panel of global health experts has continued to apply the label ever since, at meetings held every three months.
In March 2020, WHO characterized COVID-19 as a pandemic while the novel coronavirus continued to spread worldwide.
Xinhua News Agency correspondents reporting from Geneva, Switzerland.
(XHTV)