Connect with us

Media

ယူကရိန်းဆည် ပျက်စီးမှုအပေါ် စိုးရိမ်ကြောင်း တရုတ်သံတမန်ပြော

ကုလသမဂ္ဂ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆည် ပျက်စီးမှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရေးပါသောစည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။

ဆည်ပြိုကျမှုကြောင့် ရေဖုံးလွှမ်းမှုဖြစ်ပေါ်လျက်ရှိသည်။ ပြည်သူအမြောက်အမြားမှာ အရေးပေါ်ရွှေ့ပြောင်းနိုင်ရန် လိုအပ်ပြီး ပြည်သူများစွာမှာလည်း သောက်သုံးရေရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ဘေးဒဏ်သင့်ပြည်သူများ ရွှေ့ပြောင်းရေး၌ ကူညီပံ့ပိုးရေးအတွက် ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများမှ တက်ကြွစွာ ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကို ထောက်ခံလျက်ရှိကြောင်းလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ကျန်းက ပြောခဲ့သည်။

အဆိုပါ ဆည်သည် ဇာပိုရေဇီးယား နျူကလီးယားစွမ်းအင်စက်ရုံအတွက် အအေးခံရေ၏ အဓိကအရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ (Xinhua)

…………………………….
(English Version)
Chinese envoy voices concern over destruction of Ukrainian dam
UNITED NATIONS, June 6 (Xinhua) — A Chinese envoy on Tuesday voiced grave concern over the destruction of the Kakhovka hydroelectric power plant dam in southern Ukraine.
The protection of civilians and critical civilian facilities in armed conflict is an important principle enshrined in international humanitarian law, said Zhang Jun, China’s permanent representative to the United Nations.
The collapse of the dam has caused flooding. A great number of people are in urgent need of evacuation and tens of thousands of people may face difficulties in accessing drinking water. China supports the active efforts by the United Nations and humanitarian agencies to help evacuate the affected people, Zhang told an emergency meeting of the Security Council.
The reservoir, formed by the dam, is also a major source of cooling water for the Zaporizhzhia nuclear power plant.