Connect with us

ASEAN

Phuket Sandbox အစီအစဉ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း ပထမခြေလှမ်းဖြစ်ကြောင်း ဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရှိ ဟိုတယ်တစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ အား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Thai Government House/Handout via Xinhua)

ဘန်ကောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ က Phuket Sandbox ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း အစီအစဉ်သည် နိုင်ငံတစ်ဝန်း အခြားသော ခရီးသွားနေရာများအတွက် စံနမူနာဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းရှိ ရွက်လှေများအား တွေ့ရစဉ် (ဆင်ဟွာ)

ဖူးခက်သည် ကာကွယ်ဆေးထိုးနှံပြီးသား နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် မဖြစ်မနေ ကွာရန်တင်း (quarantine) နေထိုင်ခြင်းကို ဇူလိုင် ၁ ရက်မှ စတင်ဖြေလျှော့ပေးလိုက်ပြီး ခရီးသွားဧည့်သည်များအနေဖြင့် Phuket Sandbox အစီအစဉ်အရ ဖူးခက်ကျွန်းတွင် ၁၄ ည နေထိုင်ပြီးနောက် ထိုင်းနိုင်ငံရှိ အခြားနေရာများသို့ ခရီးသွားရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ်က ဖူးခက်ရှိ ဟိုတယ်တစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် ဖူးခက်သည် ဆက်လက်ဖြစ်ပွားနေသည့် ကပ်ရောဂါအခြေအနေအောက်၌ လွယ်လင့်တကူ ထိန်းချုပ်ထားနိုင်သည့် သေးငယ်သော ကျွန်းပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်း အခြားသော ကမ္ဘာလှည့် ခရီးသွားနေရာများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားခြင်းအတွက် စံနမူနာအဖြစ်လည်း ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

ဖူးခက်ကျွန်းတွင် အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမှ ပထမဆုံး နိုင်ငံခြားသားဧည့်သည်အဖွဲ့ဖြင့် စတင်ခဲ့သော Phuket Sandbox ကမ်ပိန်း၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော ဝန်ကြီးချုပ်က လာမည့် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံတစ်ဝန်းလုံး ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ COVID-19 ရောဂါအခြေအနေ စီမံခန့်ခွဲမှုစင်တာ (CCSA) အရ ဖူးခက်ရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ပြီးဖြစ်ကြောင်းနှင့် ၅၆ ရာခိုင်နှုန်းမှာမူ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် စီးပွားရေးပြန်လည်ဖွင့်လှစ်ခြင်းဖြင့် Phuket Sandbox အား အောင်မြင်မှုရှိစေရေး ဆောင်ရွက်ကြရန်နှင့် ယင်းအား နိုင်ငံအတွင်းရှိ အခြားသောဒေသများအတွက် စံနမူနာတစ်ခု ဖြစ်စေရေးဆောင်ရွက်ကြရန် ပရာယွတ်က တိုက်တွန်းခဲ့သည်။

မြို့တော် ဘန်ကောက်၊ ကော့စမွီကျွန်းနှင့် ချင်းမိုင် အပါအဝင် အခြား ကမ္ဘာလှည့်ခရီးသွားနေရာများတွင်လည်း Phuket Sandbox အစီအစဉ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Phuket Sandbox program first step toward planned reopening of Thailand: PM
Source: Xinhua| 2021-07-02 10:03:20|Editor: huaxia
BANGKOK, July 2 (Xinhua) — Thai Prime Minister Prayut Chan-o-cha said on Thursday that the Phuket Sandbox tourism reopening program is the model for other tourist destinations throughout the country.
From Thursday, Phuket started to waive mandatory quarantine for vaccinated foreign tourists. They can travel to the rest parts of Thailand after staying on the island for 14 nights under the Phuket Sandbox program.
Delivering a speech at a hotel in Phuket, the prime minister said that Phuket is a small island province, which can be easily put under control in the sustained pandemic situation and is viewed as the model for the planned reopening of other tourist destinations throughout the country.
The prime minister, who presided over the kick-off of the Phuket Sandbox campaign on the tourist island with the first group of foreign visitors from Abu Dhabi, the United Arab Emirates, has planned to reopen the whole country in the next 120 days.
According to the country’s Center for COVID-19 Situation Administration (CCSA), 70 percent of the population in Phuket have received their first dose of COVID-19 vaccine, while 56 percent have gotten their second shots.
Prayut encouraged local people to make the Phuket Sandbox success by reopening the businesses and make it a model for other regions in the country.
Other tourist destinations, which have reportedly planned to follow the Phuket Sandbox, include the capital Bangkok, Koh Samui island and Chiang Mai.■
1- Thai Prime Minister Prayut Chan-o-cha (C) delivers a speech at a hotel in Phuket, Thailand, on July 1, 2021. (Thai Government House/Handout via Xinhua)
2- Aerial photo taken on Sept. 14, 2020 shows the yachts at Phuket, Thailand. (Xinhua/Zhang Keren)