Connect with us

Science & Technology

Shenzhou-12 အာကာသယာဉ်မှူးများ က ကနဦးပြန်လည်နာလန်ထူလာပြီးနောက် စာနယ်ဇင်းများနှင့် တွေ့ဆုံ

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင် အာကာသယာဉ်မှူး ၃ ဦးသည် ဒီဇင်ဘာ ၇ ရက်က စာနယ်ဇင်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စက်တင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကနဦးပြန်လည်နာလန်ထူလာချိန်မှစ၍ လူထုအကြား ပထမဆုံးပေါ်ထွက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အာကာသစင်တာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အာကာသယာဉ်မှူးတပ်ဖွဲ့ အကြီးအကဲ Jing Haipeng က Shenzhou-12 အာကာသယာဉ်မှူးများ၏ ပြန်လည်နာလန်ထူမှု အခြေအနေနှင့် နောက်ဆက်တွဲလုပ်ငန်းစဉ်များအား မိတ်ဆက်ခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ တရုတ် အာကာသယာဉ်မှူး သုတေသနနှင့် လေ့ကျင့်ရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တရုတ်အာကာသယာဉ်မှူးများဖြစ်သည့် ထန်းဟုန်ပေါ (ဝဲ) ၊ နွဲ့ဟိုင်စိန့် (လယ်) နှင့် လျိုပေါ်မင် တို့အား ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Jing ၏ အဆိုအရ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အာကာသယာဉ်မှူးများ၏ ပြန်လည်နာလန်ထူရာတွင် ကွာရန်တင်း၊ အားပြန်ဖြည့်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း ဟူ၍ အဆင့် ၃ ဆင့်ရှိကြောင်း သိရသည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာခံစားမှုအနေဖြင့် တည်ငြိမ်နေပြီး ရုပ်ပိုင်းဆိုင်ရာမှာလည်း ကောင်းမွန်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအလေးချိန်မှာလည်း အာကာသို့မထွက်ခွာမီအချိန်နှင့် အလားတူအဆင့်ရှိကြောင်းနှင့် ၎င်းတို့၏ ကြွက်သား သန်မာမှု၊ ခံနိုင်ရည်ရှိမှုနှင့် နှလုံးလုပ်ဆောင်ပုံများမှာ ထပ်မံထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ တရုတ် အာကာသယာဉ်မှူး သုတေသနနှင့် လေ့ကျင့်ရေးစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တရုတ်အာကာသယာဉ်မှူးများဖြစ်သည့် ထန်းဟုန်ပေါ (ဝဲ) ၊ နွဲ့ဟိုင်စိန့် (လယ်) နှင့် လျိုပေါ်မင် တို့အား ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အာကာသယာဉ်မှူး ၃ ဦးတို့သည် စောင့်ကြည့်လေ့လာရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ကျန်းမာရေးအကဲဖြတ်မှု ပြီးစီးပြီးနောက် ပုံမှန်လေ့ကျင့်မှုများ ပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း Jing က ဆိုသည်။

အာကာသသို့ သုံးကြိမ် ရောက်ရှိခဲ့ဖူးသော နွဲ့ဟိုင်စိန့် (Nie Haisheng) သည် အာကာသတွင် ရက်ပေါင်း ၁၀၀ ကျော် နေထိုင်ခဲ့သော ပထမဆုံး တရုတ်အာကာသယာဉ်မှူးဖြစ်သည်။ ၎င်းအနေဖြင့် အောင်မြင်မှုများနှင့် ဂုဏ်သိက္ခာများကို ကြီးမားသော စိတ်ဓာတ်အရင်းခံနှင့် စိတ်အားထက်သန်မှုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြောင့် ၎င်း၏ရည်မှန်းချက်များကို အရှုံးပေးသွားမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ တရုတ် အာကာသယာဉ်မှူး သုတေသနနှင့် လေ့ကျင့်ရေးစင်တာတွင် ဒီဇင်ဘာ ၇ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

လျိုပေါ်မင် (Liu Boming) သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသယာဉ်ပြင်ပလှုပ်ရှားမှု (EVA) နှစ်ကြိမ်ဆောင်ရွက်ခဲ့သော တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးဖြစ်သည်။ Shenzhou-12 မစ်ရှင်အတွင်း ၎င်း၏ဒုတိယအကြိမ်မြောက် EVA ဆောင်ရွက်မှုမှာ ပိုမိုတည်ငြိမ်ပြီး ယုံကြည်မှုရှိခဲ့ကြောင်းနှင့် တရုတ်ပြည်သူများအနေဖြင့် အာကာသတွင် ပိုမို၍ခြေချနိုင်မည်ဟု ယုံကြည်ကြောင်း လျိုပေါ်မင်က ပြောကြားခဲ့သည်။

Shenzhou-12 မစ်ရှင်သည် ထန်းဟုန်ပေါ (Tang Hongbo) အတွက် ပထမဆုံး အာကာသခရီးစဉ်ဖြစ်ခဲ့သည်။ ၎င်းကလည်း အာကာသသို့ နောက်ထပ်သွားရောက်ရန် အသင့်ရှိကြောင်း ပြောခဲ့သည်။

ဇွန် ၁၇ ရက်က လွှတ်တင်ခဲ့သော Shenzhou-12 သည် တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မခန်းမ Tianhe သို့ အာကာသယာဉ်မှူးများအား ပို့လွှတ်ခဲ့ပြီး အာကာသယာဉ်မှူးများသည် ထိုနေရာ၌ သုံးလကြာ နေထိုင်ခဲ့ကြကာ တရုတ်အာကာသယာဉ်မှူးများ၏ အာကာသအတွင်း အချိန်အကြာဆုံး နေထိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။ ၎င်းတို့သုံးဦးသည် ကမ္ဘာမြေပေါ်သို့ စက်တင်ဘာ ၁၇ ရက်က ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)
Shenzhou-12 astronauts meet press after initial recovery

BEIJING, Dec. 7 (Xinhua) — The three astronauts of China’s Shenzhou-12 crewed mission met the press on Tuesday, the first such appearance since their initial recovery after returning to Earth in September.

At the press conference held at the Astronaut Center of China in Beijing, Jing Haipeng, head of the Astronaut Corps of the Chinese People’s Liberation Army, introduced the Shenzhou-12 crew’s recovery and follow-up plans.

According to Jing, the recovery following the astronauts’ return to Earth has three stages: quarantine, recuperation and observation. So far, the crew has completed the second stage. They are emotionally stable and in a good psychological condition, their weight is at the same level as before the flight, and they have further restored their muscle strength, endurance and cardio functions.

Jing said the three astronauts have entered the observation stage and will resume their regular training after completing the health assessment.

Nie Haisheng, who has flown into space three times, is China’s first astronaut to stay in space for more than 100 days. He said that he would transform his achievements and honors into greater motivation and passion, and he would not give up on his aims due to aging.

Liu Boming is the country’s first astronaut to complete extravehicular activities (EVA) twice. He said he was more calm and confident about his second EVA during the Shenzhou-12 mission, and he believes that Chinese people will leave more footprints in space.

The Shenzhou-12 mission was Tang Hongbo’s first visit to space. He said he is ready to go back.
Launched on June 17, Shenzhou-12 sent astronauts to China’s space station core module Tianhe, where they lived for three months, the longest time Chinese astronauts have spent in space so far. The three returned to Earth safely on Sept. 17. Enditem

Photo : 1-3 -Chinese astronauts Tang Hongbo (L), Nie Haisheng (C) and Liu Boming attend a press conference held by the China Astronaut Research and Training Center in Beijing, capital of China, Dec. 7, 2021. Tang Hongbo, Nie Haisheng and Liu Boming, the three astronauts of the Shenzhou-12 spaceflight mission, on Tuesday met with the public and the press here for the first time after their return to Earth. (Xinhua/Jin Liwang)

4-Photo taken on Dec. 7, 2021 shows a press conference held by the China Astronaut Research and Training Center in Beijing, capital of China. Tang Hongbo, Nie Haisheng and Liu Boming, the three astronauts of the Shenzhou-12 spaceflight mission, on Tuesday met with the public and the press here for the first time after their return to Earth. (Xinhua/Jin Liwang)