Connect with us

Science & Technology

Shenzhou-12 အာကာသယာဉ်မှူးများ ဘေးကင်းစွာဖြင့် မြေပြင်ပေါ်ဆင်းသက်နိုင်

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာကာသစခန်းတည်ဆောက်ရန်အတွက် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံး ပို့လွှတ်ခဲ့သော တရုတ် အာကာသယာဉ်မှူး ၃ ဦးသည် ၎င်းတို့၏ သုံးလတာမစ်ရှင်ပြီးဆုံးကာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘာသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အာကာသယာဉ်မှူးများဖြစ်သော နွဲ့ဟိုင်စိန့် (Nie Haisheng) ၊ လျိုပေါ်မင် (Liu Boming) နှင့် ထန်းဟုန်ပေါ (Tang Hongbo) တို့အား တင်ဆောင်လျက် လူလိုက်ပါနိုင်သော အာကာသယာဉ် Shenzhou-12 ၏ return capsule သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ယာဉ်ဆင်းသက်ရာနေရာ၌ ကျရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ (CMSA) ပြောကြားချက်အရ သိရသည်။ (Xinhua)

————————————————–
(English Version)

1st LD: Shenzhou-12 astronauts land safely

BEIJING, Sept. 17 (Xinhua) — Three Chinese astronauts, the first sent to orbit for space station construction, have completed their three-month mission and returned to Earth safely on Friday.
The return capsule of the Shenzhou-12 manned spaceship, carrying astronauts Nie Haisheng, Liu Boming and Tang Hongbo, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, according to the China Manned Space Agency (CMSA). Enditem