ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
မြန်မာ့စိုက်ပျိုးသီးနှံများတွင် ဓာတုဆေး အသုံးပြုခြင်းမရှိဘဲ သဘာဝစိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်း ညွှန်ချက် စတုတ္ထမူကြမ်းကို အတည်ပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။