ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ တွင် ကျင်းပမည့် ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ကို ဆုံးဖြတ်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် ၂၁ နိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်များ နှင့် တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိသူများအား ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများအကြောင်း အား ရှင်းလင်းတင်ပြသည့်အခမ်းအနား ကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ယနေ့ ကျင်းပခဲ့သည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသြင်္ကန်ပွဲတော်တွင် လာရောက်ရေကစားကြသူများ အပူရှိန်ခံစားမှုကို လျှော့ချပေးနိုင်ရန်အတွက် ရေပန်း အကြီးအသေး (၁၁ဝ) ကျော် တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရှိ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ် ကို ဧပြီလ (၁၃) ရက် (သြင်္ကန်အကြိုနေ့) အထိ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၉-ခုနှစ် မဟာသြင်္ကန်ပွဲတော် ကာလအတွင်း သုံးရက်ရပ်နားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ပထမအကြိမ်အင်းလေးရေပေါ်သြင်္ကန်ပွဲတော် ၂၀၁၉ ကို သြင်္ကန်အကြိုနေ့ ဧပြီ(၁၃)ရက် မှ နှစ်ဆန်းတစ်ရက် ဧပြီ (၁၇) ရက် အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ၊ နန်းပန်ဈေး အနီးရှိ Inle Cultural Heritage Trust Complex ရှေ့ အင်းလေးကန်ရေပြင်၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသဲသောင်ပြင် သြင်္ကန်ပွဲတော်တွင် စက်တပ်လေထီး (ပါရာမိုတာ)စီးနင်းသူများ စုပေါင်း၍ အလှပြ ပျံသန်းမည် ဖြစ်ကြောင်း Myanmar PPG Club မှ သိရသည်။

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် မဟာသြင်္ကန်ပွဲတော် တွင် လမ်းလျှောက်သြင်္ကန်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာသမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်လျှင် သမိုင်းနှင့် ပတ်သက်သော စာတမ်းများ တန်ဖိုး တက်လာမည်ဖြစ်ကြောင်း

''သမိုင်းအထောက်အထား အရင်းအမြစ်များ ရှာဖွေခြင်း'' သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။