ရှမ်းပြည်နယ် မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ္မတုံးတံတား ပြိုကျမှုဖြစ်ပွား

ကားဖြတ်စဉ် တံတားပြိုကျမှုဖြစ်ပွားစဉ် (ဓာတ်ပုံ--MOI) Environment, Disasters & Accidents

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ္မတုံး ကျေးရွာအနီးတွင် တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ် မှာ ဒီဇင်ဘာလ ၁၂ ရက် ၊  နေ့လည် (၁၂:၃၀)နာရီခန့် တွင် အဆိုပါ တံတားပေါ်၌ Hijet အမျိုးအစား ယာဉ်တစ်စီး မောင်းနှင်စဉ် တံတား၏ အနောက်ဖက်ပိုင်း တစ်ခြမ်းစောင်း ကျိုးပဲ့ပျက်စီးသွားရာမှ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

အဆိုပါ တံတားမှာ မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃၆/၆)နှင့် (၃၆/၇) အကြားတွင် တည်ရှိပြီး အရှည်ပေ(၆၀)၊ အကျယ် (၁၈)ရှိကာ တံတားခံနိုင်ဝန်မှာ တန်(၄၀)ဖြစ်ကြောင်း၊ တံတားပြိုကျ ပျက်စီးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့နှင့် ဌာနဆိုင်ရာများ သွားရောက် စစ်ဆေးခဲ့ပြီး တံတားပြိုကျ ပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့မှု မရှိစေရေးအတွက် ယာယီလမ်းလွှဲ (၂)ဖာလုံကျော်ခန့်အား လမ်းအထူးအဖွဲ့မှ ယနေ့အပြီး ဖောက်လုပ်မည် ဖြစ်ပြီး ဘေလီသံဘောင်တံတားအား (၃)ရက် အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)