၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၂,၁၃၉ ကြိမ် ဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက် ၌၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မီးလောင်မှုဖြစ်ပွားစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၂,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း၆,၆၄၀ ဒသမ ၀၇ သန်းရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးဦးကျော်နိုင်က ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင်ပြောကြားသည်။

“လူတိုင်းမီးဘေးလုံခြုံရေး အသိရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာတော်တော်များများဖြစ်နေတာက ပေါ့ဆမီးပေါ့။ဒုတိယအများစုက လျှပ်စစ်မီးကြောင့် လောင်ကျွမ်းရတာ။ အဓိက သတိလေးရှိရင်မီးမလောင်မှုဖြစ်ပွားနိုင်တာကို တားဆီးနိုင်မှာပါ’’ ဟု၎င်းက ဆိုသည်။၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြစ်ပွားခဲ့သည့် မီးလောင်မှု အကြိမ်အရေများမှာ ကချင်ပြည်နယ်တွင် ၇၇ကြိမ်၊ ကယားပြည်နယ်တွင် ၁၇ ကြိမ်၊ ကရင်ပြည်နယ်တွင် ၉၉ ကြိမ်၊ ချင်းပြည်နယ်တွင် ၄၅ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၂၆ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇၄ ကြိမ်၊နေပြည်တော်တွင် ၇၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၃ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၂၁၈ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၉၈ ကြိမ်၊ မွန်ပြည်နယ်တွင် ၉၈ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၇၃ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၃ ကြိမ်၊ ရှမ်းပြည်နယ်တွင်၂၀၅ ကြိမ် နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈၆ ကြိမ် အသီးသီးဖြစ်ကြောင်း သိရသည်၊။ ၂၀၁၉ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးမီးလောင်မှု အကြိမ်ရေစုစုပေါင်း ၁,၂၅၅ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၃,၀၇၉ ဒသမ ၄၅ သန်း ရှိခဲ့ကြောင်း သိရသည်။ (Xinhua)