ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် ဇန်နဝါရီလ တွင် မြူထူများဆိုင်းနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ လပတ်မိုးလေဝသ ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၆၁၉ တန်ကျော် တရားခံ ၅၀၊ ယာဉ်/ယန္တရား အစီး ၆၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် တပိုင်းတစ်စ နေကြတ်ခြင်းကို နံနက် ၉:၃၈နာရီ  မှ ၁၃:၀၈ နာရီ အချိန်အထိမြင်တွေ့ခဲ့ရသည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ချီဗွေမြို့၏ အနောက်-အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးတွင် ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက် ၁၀နာရီကျော်၌ ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) 

"ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ၏ အနောက်တောင်ဘက် (၁၀)မိုင် ခန့်အကွာ တွင် အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မော်တော်ယာဉ် ကိုးစီး ထပ်ဆင့်တိုက်မှုဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

 

ကချင်ပြည်နယ်      မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက် ကျေးရွာ အောက်ရွှေမှော်၌မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။