ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဆည် ရေပိုရေလွှဲ ပေ (၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့် ဇွန် ၆ ရက်နေ့ နံနက် ၅ နာရီခန့်က ကျိုးပဲ့ခဲ့ပြီး ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မေလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့အနီး အင်အား ရစ်တာစကေး(၄.၈)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခုသည် ယနေ့နံနက်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ဖားကန့်မြို့နယ်၌ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦးသည် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေစာများ နှင့် အတူ လျောကျပြီး အောက်ခြေရှိ ရွှံ့နွံကန် အတွင်းသို့နစ်မြုပ်သွားခဲ့ရာမှ ဇွန် ၂ ရက်တွင် ၎င်းတို့ ၂ ဦး၏ ရုပ်အလောင်းများအား ရွံ့နွံကန်အတွင်းမှ ပြန်လည် တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း ပြင်ဆင်မှု ဆောင်ရွက်နေသည့် ဆိုင်တစ်ဆိုင်တွင် မေ ၂ ရက် ညပိုင်းက ဖုန်းအားသွင်းစဉ် ဝါယာရှော့ ဖြစ်ရာမှတစ်ဆင့် Gas ပိုက်လိုင်း ယိုစိမ့်သည့်နေရာသို့ မီးကူးစက်ကာ လောင်ကျွမ်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် (၂၇.၁၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာ စကေး(၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားပြီး လူ(၃) ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မှ ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အနေနှင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော်တွင် ယမန်နေ့က ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ညောင်ဦးမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)ခန့်၊ ပခုက္ကူမြို့၏ အနောက်ဘက် မိုင်(၃၀) ခန့်၊ မြင်းခြံမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်အကွာတွင် ဆက်လက်တည်ရှိနေကြောင်း ယနေ့နံနက် ၅း၃၀ နာရီ တိုင်းတာချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ မုန်တိုင်းငယ်နောက်ဆက်တွဲ သတင်းအနေဖြင့် ထုတ်ပြန်သည်။