ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ယနှစ် မိုးရာသီကာလအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် များနှင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၈ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားပုထိုး ၃၀၈ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မုတ်သုံအဝင်ကာလများတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့ သည်။

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနောက်ဘက် အကျယ်အဝန်း ဧက ၃၀၀၊ အမြင့် ၁၀ ပေခန့်ရှိ အမှိုက်ပုံ မီးကြွင်းမီးကျန်များကို မေ ၈ ရက်တွင် မီးအပြီးသတ် ငြှိမ်းသတ်သွားနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ မေလ ဒုတိယ(၁၀)ရက်ပတ်တွင် အနောက်တောင်မုတ်သုံလေသည် မေလ(၁၆-၂၀)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက် နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ် ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၏ တောင်ဘက် (၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၆) ဒီဂရီ၊ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၄.၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။