ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တရားမဝင်သစ် ၇၇ တန်ကျော် ရက်သတ္တပတ်အတွင်း ဖမ်းဆီးရမိ

ပဲခူးရိုးမအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Forest Department) Politics, Law & Military

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇန်နဝါရီလအထိ လေးလတာအတွင်း နိုင်ငံတစ်ဝှမ်း ကျွန်းသစ် ၃,၀၉၈ ဒသမ ၂ တန်ကျော် ၊ သစ်မာ ၂,၆၀၂ ဒသမ ၇ တန် နှင့် အခြားသစ်အမျိုးအစား ၆,၆၆၉ တန်ကျော် အပါအဝင် စုစုပေါင်း တရားမဝင်သစ် ၁၂,၃၇၀ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ယခုဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ်  ဖမ်းဆီးရမိမှုတွင် ၁၂,၃၇၀ တန်ကျော်နှင့်အတူ ပြစ်မှု ကျူးလွန်သူ ၁,၃၃၂ ဦး ၊ ယာဉ်/ယန္တရား ၈၂၉ စီး နှင့် ချိန်းဆော ၂၂၀ တို့အားလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)