မန္တလေးမြို့ရှိ UAB ဘဏ်အား သေနတ်ကိုင်ဆောင်ထားသူ တစ်ဦး ဓားပြတိုက်ကာ ကျပ်သိန်း(၂၀၀)ခန့် ယူဆောင်

ယနေ့ မန္တလေးမြို့တွင် ဓါးပြတိုက်ခံရသော UAB ဘဏ်အား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ) Politics, Law & Military

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်  ၆၂လမ်းပေါ်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး(စက်မှုဇုန်) ဘဏ်ခွဲတွင် ယနေ့( အောက်တိုဘာ ၁၅ ရက်) ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသူတစ်ဦး လာရောက်ဓါးပြတိုက်ပြီး ကျပ် သိန်း၂၀၀ခန့် ယူဆောင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။


" ဘဏ်ပိတ်ခံနီးအချိန် သေနတ်ပါတဲ့ တစ်ယောက် ဝင်လာပြီး လုယက်တယ်လို့ ကနဦးသတင်းရထားတယ်၊ တာဝန်ရှိသူတွေ ဘဏ်မှာ စစ်ဆေးမှုတွေလုပ်နေတယ်၊ အသေးစိတ်တော့ သတင်းထပ်မတက်သေးဘူး"ဟု ၎င်းကဆိုသည် ။

ယနေ့ မန္တလေးမြို့တွင် ဓါးပြတိုက်ခံရသော UAB ဘဏ်အား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

အဆိုပါ ဘဏ်ဓါးပြတိုက်သူသည် ကားဖြင့်လာရောက်ကာ ဘဏ်အတွင်း ဓါးပြဝင်ရောက်တိုက်ပြီး ကားဖြင့်ပြန်လည် ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ဘဏ်ဓါးပြတိုက်သော တရားခံနှင့် ပတ်သတ်ပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် အသေးစိတ်
ဖြေကြားမှု မရသေးကြောင်း ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ပြောကြားခဲ့သည်။  (Xinhua)