သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ထိန်းသိမ်းခံရဟု NLD ပြော

Politics, Law & Military

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထိန်းသိမ်းခံရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကျွန်တော်တို့ ရဲဘော်တွေ သတင်းပို့တာတော့ သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခေါ်သွားပြီလို့ သိပါတယ်။နောက်ပြီး ရှမ်းပြည်နယ်က ဝန်ကြီး ဦးစိုးညွန့်လွင် ၊ ကယားပြည်နယ် ဥက္ကဋ္ဌ ဦးသောင်းဌေး ၊ လင်းခေးမြို့နယ် ဥက္ကဋ္ဌ ၊ နောက် ဧရာဝတီတိုင်းရဲ့ လွှတ်တော် ဥက္ကဋ္ဌ ကိုအောင်ကျော်ခိုင် ၊ နောက် ဧရာဝတီတိုင်းရဲ့ တိုင်းလွတ်တော်ကိုယ်စားလှယ်တွေ လပွတ္တာ ၊ ဘိုကလေး ၊ ကြံခင်း အဲဒါတွေကနေ ခေါ်သွားပြီလို့ ကြားပါတယ်။ နောက် လေးမျက်နှာမှာလဲ လာခေါ်တယ် အခုထိတော့ သူတို့ အဖမ်းမခံရသေးဘူးလို့ ကြားပါတယ်။”ဟု NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

ထို့အတူ NLD ပါတီ၏ CEC အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးသိန်းဦး နှင့် ဦးဟံသာမြင့်တို့ကိုလည်း ဖမ်းသွားသည်ဟု ကြားရကြောင်း ၊ ၎င်းထံသို့လည်း လာမည်ဟု ကြားရသည့်အတွက် စောင့်နေကြောင်း ဒေါက်တာမျိုးညွန့်က ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)