တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်

မြန်မာနိုင်ငံ နေပြည်တော်ရှိ လွှတ်တော်အဝင်လမ်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ) Politics, Law & Military

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။

" တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတွေကို သူ့နယ်ပယ်နဲ့သူကျွမ်းကျင်တဲ့ လူများကို ပြန်လည်ခန့်အပ်သွားမှာပါ" ဟု ၎င်း တပ်မတော်အရာရှိကြီး ကဆိုသည်။အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ယနေ့ ထိန်းသိမ်းထားသည့် နေရာမှ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။" စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တော့ နေအိမ်ကိုပြန်ရောက်နေပါပြီ၊ အခြားဝန်ကြီးချုပ်တွေလည်း ပြန်လာနေပြီကြားတယ်" ဟု စစ်ကိုင်းတိုင်းဒေသပြီးအစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ (Xinhua)