နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း
COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ယနေ့ နံနက်တွင် ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။