ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီးတွင် Pilot Project အနေဖြင့် မဂ္ဂါဝပ် ၂၆ဝ ကျော် ထုတ်လွှတ်နိုင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထွက်ရှိသည့် ရေနံမီးသွေး Petroleum Coke များကို စက်ရုံရှိလက်ကျန် ရှိသည့်အခြေအနေအပေါ်မူတည်၍ လစဉ်ပြောင်းလဲသတ်မှတ် သည့်ရောင်းဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မှ ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အိမ်ထောင်စု ၁၃၀၀ကျော်သည် အောက်တိုဘာ ၃၀ ရက်မှ စတင်ပြီး လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရန်ကုန် - စစ်တွေလမ်း (အမ်း - စစ်တွေ အပိုင်း)မိုင်တိုင်(၉၀)ရှိ ရာမောင်ကြိုးတံတားအား ယနေ့စတင်ပြီး အဆင့်မြှင့်တင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနမှ ရေးစွဲလျက်ရှိသည့် အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan ဒုတိယမူကြမ်းအား အကြံပြုချက်များ၊ သဘောထားမှတ်ချက်များရှိပါက မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် (၂၅ -၁၀-၂၀၁၈) ရက်နေ့ နောက်ဆုံး ထား၍ ရုံးချိန်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနသို့ ပေးပို့နိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မတူပီ-ပလက်ဝလမ်း နှင့် ကျောက်တော်-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၄၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို ၂၀၂၀ ပြည့်နှစ် တွင် ကျေးရွာ များ အထိ ရောက်အောင် ဖြန့်ဖြူးသွားရန်နှင့် အိမ်ထောင်စု တစ်သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ယနေ့ပြောကြားခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာ ဖလံကျင်းဓါတ်အားခွဲရုံ (33/11KVA,5MVA) တည်ဆောက်ပြီး၍ မိတ္ထီလာ -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ(၂၂)ရွာအား အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဗိုလ်ချုပ်လမ် မကြီး မိုင်တိုင် (ဝ)မိုင်(၄)ဖာလုံမှ (၁)မိုင် (၂)ဖာလုံအတွင်း (၁၈)ပေအကျယ် ကတ္တရာလမ်းအား လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။