ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကို YCDC ကိုလွှဲအပ်ပြီးအဆင့်မြှင့်တင်ရေး၊ YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆောင်ရွက်မှုများကို မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ပြည်ပမှ တင်သွင်းသည့် စက်ဆီချောဆီတိုင်းအား ယခင်က ပထမအကြိမ်တင်သွင်းမှုကိုသာ နမူနာ ရယူခဲ့ရာမှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစ၍ အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေးဓာတ်ခွဲ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း နှင့် အရည်အသွေးမှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူး သုံးစွဲခွင့်ပြုမည်ဖြစ်ပါကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ကြေညာချက်ထုတ်ပြန်သည်။

ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ပြည်ပမှတင်သွင်းသည့် စက်ဆီချောဆီများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်မှစ၍ တင်သွင်းသည့် အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး သြဂုတ်လ ၃ ရက်နေ့ အထိ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး ဆောင် ရွက် လျက် ၇ှိရာ နှစ်စဉ် ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိသည့်အပေါ်မူတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေ ကြောင်း၊ ယခုအခါ ၆၅ ဒသမ ၂၄ မိုင် လဲလှယ် တည်ဆောက်ပြီးစီးခဲ့ပြီး နောက်ထပ် ၇၁ ဒသမ ၁၅ မိုင် ဆက်လက် လဲလှယ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အားလိုင်းကြိုးသစ်များဖြင့် အစားထိုးတပ်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လေဆိပ် ငါးခုတွင် ခရီးသွား အချက်အလက် စစ်ဆေးရေး အဆင့်မြင့် စက် (MRTDs:_Machine Readable Travel Documents) များ တပ်ဆင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသား စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြ ပါရှိသည်။