ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

YBS မော်တော်ယာဉ်များ တွင် ငွေပေးချေသည့် စနစ်အဖြစ်အသုံးပြုလျက်ရှိသော Yangon Payment Service (YPS) ဝန်ဆောင်မှုစင်တာများနှင့် အရောင်းစင်တာများကို အောက်တိုဘာ ၇ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် နိုင်ငံတော်က ငွေကျပ် ၅၅၅ ဘီလီယံခန့်ကို အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ နယ်မြေရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းထွေး၏ နေအိမ်၌ စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက် ၊ မွန်းလွဲပိုင်းတွင် အလားတူ လက်ပစ်ဗုံး တစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာသို့ အတည်ပြု ဖြေကြားခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တနင်္သာရီ တိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လေပြင်းတိုက်ခတ် ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် သဘာဝ ဘေးသင့် ပြည်သူ ၉၅၀၀ ကျော် ရှိပြီး လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ရက်ည ၁၀ း ၀၀ နာရီခန့်တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်း၌ လက်ပစ်ဗုံး တစ်လုံး တွေ့ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြု ဖြေကြားခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေသော အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊  အဆိုပါကုန်းတွင်းမုန်တိုင်းငယ်သည်  ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်း အဖြစ်ဖြတ်ကျော်နိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်း နှင့် ပတ်သက်သည့် သတိပေးချက်ထုတ်ပြန်ထားသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ကမ္ဘာ့နိုင်ငံ့လက်ရွေးစင်အသင်းအသီးသီး ၏ စက်တင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အား ထုတ်ပြန်ရာတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ကမ္ဘာ့အဆင့် အဆင့် ၁၃၆ မှ အဆင့်၁၃၅ တွင် သို့ အဆင့်တစ်ဆင့် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် အောင်မြင်စွာမွေးဖွားခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံခုတင် ၅၀၀ သို့ ပို့ဆောင်ကာ  အထူးကြပ်မတ်၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ်  ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း က ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက် တွင်ပြောသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

စက်တင်ဘာ ၁၉ ရက် မှ ၂၂ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက်တစ်ခုကို ယနေ့  စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ ရွှေတိုင်ရပ်ကွက် ၊ ရွှေကူရပ်ကွက်နှင့် ကိုးလံရွာတို့တွင် ယနေ့(စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများကြောင့် လူ ၅ဦးသေဆုံးခဲ့ကြောင်း  မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဦးကျော်မင်းခိုင်က ဆင်ဟွာသို့ပြောသည်။