Connect with us

Local

နိုင်ငံတော် သမ္မတက ကားတင်သွင်းမှု မူဝါဒနှင့် ပတ်သက်ပြီး ပြည်သူ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် မှာကြား

ရန်ကုန်မြို့ရှိ ကား အရောင်းပြခန်းတစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသည့် မူဝါဒနှင့် ပြည်ထောင်စု ဝန်ကြီးထံမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ တင်ပြရာ သမ္မတက လက်ရှိ အစိုးရ သက်တမ်း လက်ကျန် ကာလအတွင်း ပြည်သူများ ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်သူများ ဝန်ထုပ် ဝန်ပိုး ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ကြဉ်ကြရန်၊ ပြည်သူ၊ ပုဂ္ဂလိကနှင့် အစိုးရ ကောင်းမွန်စွာ ဆွေးနွေးပြီး ရရှိလာသော တင်ပြချက်များကို ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည်။

ယင်း၂၀၁၆ အတွက် ကားတင်သွင်းရန် သတ်မှတ်ထားသော သတ်မှတ်ချက် အများစုကို ပြန်လည် ပယ်ဖျက်ပြီး ၂၀၁၅ မူဝါဒ အဟောင်းဖြင့် တင်သွင်းခွင့် ရရှိရန် သမ္မတထံ တင်ပြ ပြီးနောက် ဇန်နဝါရီလ ၅ ရက်တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ညှိနှိုင်း ဆွေးနွေးမှုပြု လုပ်ကာ သတ်မှတ်ချက် အချို့ ဖြေလျှော့ ပေးရန် သဘော တူညီခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်သူများ ထံမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများက မော်တော်ယာဉ် တင်သွင်း ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကို လိုက်လျောရန် အတွက် ထို မူဝါဒအသစ်ကို ပြန်လည် ပြင်ဆင်ပေးရန် သဘော တူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117