Connect with us

Local

ပြည်ပ ကုန်သွယ်မှု သမိုင်းတွင် အမြင့်ဆုံး အဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၃၃.၅၂ ဘီလီယံ ဆောင်ရွက် နိုင်ခဲ့ ဟုဆို

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူးက သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၃၃.၅၂ ဘီလီယံ ဆောင်ရွက် နိုင်ခဲ့ သည့်အတွက် ယခုနှစ် ကုန်သွယ်မှု ပမာဏသည် မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု သမိုင်းတွင် အမြင့်ဆုံး ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့မေ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ပ ကုန်သွယ်မှု အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၇.၇၂ ဘီလီယံ ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၉.၂၁ ဘီလီယံ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

ပို့ကုန် အနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်း ဆန် နှင့် ဆန်ကွဲ ၊ ပြောင်း ၊ ရော်ဘာ ၊ ရေထွက် ပစ္စည်း နှင့် စက်မှု ကုန်ချော ပစ္စည်း CMP ချုပ်ပြီး အဝတ်အထည်များ အပါအဝင် ယခုနှစ် ပြည်ပ ပို့ကုန် ပမာဏသည် အမေရိကန် ဒေါ်လာ ၁၄.၈၃ ဘီလီယံထိ စံချိန်တင် တင်ပို့နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလ အတွင်း ပြုပြင် ပြောင်းလဲ တိုးတက်မှု အခြေအနေများ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ထို့အတူ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၅.၄၄ ဘီလီယံ ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၅.၂၁ ဘီလီယံ ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၃.၈၄ ဘီလီယံ အသီးသီး ဖြစ်ပေါ်ခဲ့သည့် အတွက် ယခင်နှစ်ကထက် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၁.၃၇ ဘီလီယံ လျှော့ချ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်သွယ်မှု တိုးမြှင့်စေရေး အတွက် ပြည်တွင်း ထုတ်လုပ်မှု နှင့် ပြည်ပ ဈေးကွက် ချိတ်ဆက် ဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် များတွင် ကုန်သွယ်မှု ဗဟိုဌာန ၁၂ ခုတွင် ပြခန်းများကို ဖွင့်လှစ် ဆောင်ရွက် ခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်မှ ချမှတ် ထားသော စီးပွားရေး မူဝါဒ များနှင့် အညီ ကုန်သွယ်မှု လုပ်ငန်းများဖြင့် အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန် မျှော်မှန်းချက် ချမှတ်ကာ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ နှင့် ကုန်သွယ်ရေး ကဏ္ဍ၏ လုပ်ငန်းစဉ်များကို ချိတ်ဆက်ပြီး လုပ်ငန်းစဉ် ၂၆ ရပ်ကို ကဏ္ဍကြီး ၆ ရပ် ခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.