Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Tarō Kōno စက်တင်ဘာ ၂၇ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၂၇ ရက် ၌ ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်စဉ် အတွင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Tarō Kōno နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ သမ္မတ က ဂျပန် နိုင်ငံ ဝန်ကြီးချုပ် နှင့် တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ရှေ့ဆက် ဆက်ဆံရေး အတွက် တိကျသော နိုင်ငံရေး လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မလွယ်ကူစွာ ရရှိလာသော နှစ်နိုင်ငံ ဆက်ဆံရေး အား တန်ဖိုးထား ထိန်းသိမ်းသွားရမည် ဖြစ်ပြီး သဘောထား ကွဲလွဲမှု ကို ထိန်းချုပ် ကာ နှစ်နိုင်ငံ ဆက်ဆံရေး မှန်ကန်သည့် ဦးတည်ချက်သို့ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က နှစ်နိုင်ငံ အကြား ချုပ်ဆိုခဲ့သည့် နိုင်ငံရေး ဆိုင်ရာ အချက် ၄ ချက် ကို ခိုင်မြဲစွာ ဆက်လက် လိုက်နာ သွားရမည် ဖြစ်ပြီး သမိုင်းဖြစ်စဉ် နှင့် ထိုင်ဝမ် စသည့် ထိလွယ်ရှလွယ် သော ကိစ္စရပ် များတွင် ကောင်းမွန်သည့် အခြေအနေ ဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ နှင့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့ က အရေးပါသည့် အိမ်နီးချင်း နိုင်ငံ နှင့် ကမ္ဘာ့အဓိက စီးပွားရေး အသိုက်အဝန်း များဖြစ်သောကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ၊ လွတ်လပ်စွာ ကုန်သွယ်ရေး စည်းစနစ် ၊ နိုင်ငံတကာ နည်းဥပဒေ နှင့် စည်းကမ်း သတ်မှတ်ချက် များကို ထိန်းသိမ်းသွားရန် တာဝန် ရှိကြောင်း အထူး ပြောကြား ခဲ့သည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Tarō Kōno က တရုတ် နိုင်ငံ မှ လတ်တလော တွင် ဂျပန် နိုင်ငံ ၌ သဘာဝဘေး ကျရောက်မှု အပေါ် ဂရုပြုသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဂျပန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် အခြေအနေ သို့ ပြန်လည်ရောက်ရှိလာသည့် အပေါ် ဝမ်းမြောက်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် တာဝန်များ ရှိကြကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပြီး သဘောထားကွဲလွဲမှု ကို ထိန်းချုပ်ကာ ရှေ့ဆက် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြင်ဆင်သွားလိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.