Connect with us

Politics, Law & Military

(B&R Forum) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ပံ့ကူညီရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီပြော

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲတက်ရောက်လာသော မြန်မာနိုင်ငံ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထောက်ပံ့ကူညီမှုကို ဆက်လက်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း မေလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

မေလ ၁၄ ရက် မှ ၁၅ ရက်အထိ တရုတ်နိုင်ငံပေကျင်းမြို့၌ကျင်းပသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲသို့တက်ရောက်လာသော မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတရှီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရှီက နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက်တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နှစ်ဖက်ပူးတွဲဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။အခြေခံအဆောက်အအုံ နှင့် စီးပွားရေးဇုန်များ ၊ စီးပွားရေးစြင်္က ံများ ၊ အဓိကစီမံကိန်းများ တည်ဆောက်မှုများအပါဝင် တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာအောင် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း သမ္မတရှီက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုသည် ကမ္ဘာကြီး နှင့် ဒေသတွင်းအတွက် အကျိုးကျေးဇူးများ ရှိသလို ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ယူဆောင်ပေးမည့် အကြောင်းတရား တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း ၎င်းက ဆက်ပြောသည်။ နယ်စပ်ဒေသတည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံဖက်က အသင့်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် မေလ ၁၆ ရက်က သီးခြားတွေ့ဆုံမှုတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ အပစ်အခတ်ရပ်စဲရေးကို ဆောလျင်စွာ လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကိုလည်း တရုတ်နိုင်ငံက ထောက်ခံကြောင်း လီက ပြောကြားခဲ့သည်။ အဆိုပါညီလာခံတွင် လက်နက်ကိုင်အဖွဲ့အားလုံး ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန် တံခါးဖွင့်ထားကြောင်း သိရသည်။

နှစ်နိုင်ငံပူးတွဲစီမံကိန်းများအပေါ် တရုတ်ဝန်ကြီးချုပ်လီက စီးပွားရေးဇုန်များ ၊ ဆိပ်ကမ်းများ နှင့် ရေနံပိုက်လိုင်းများ တည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်လည်း ပြောကြားခဲ့သည်။ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ “ ယုံကြည်မှုကို တွန်းအားပေးရန် နှင့် ပူးပေါင်းဆောင်ရွက်မှု မျှော်လင့်ချက်လမ်းကြောင်းကို ညွှန်ပြနိုင်ရန်” သင့်တင့်ကောင်းမွန်စွာကိုင်တွယ်သွားရန်အတွက်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းကို ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ယခင်အစိုးရသက်တမ်းတွင် ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုသည် ၂ဝ၁၉ ခုနှစ်တွင် ပြီးမြောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၂၉၄ဝဝ သန်း ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်မှာဖြစ်ကာ စွမ်းအင် ထုတ်လွှတ်နိုင်မှုပမာဏသည် ၆ဝဝဝ မဂ္ဂါဝပ် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.