Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသားကျောင်းသူပေါင်း ၁၀ သန်းကျော် ဝင်ရောက်ဖြေဆိုမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲအတွက် စာမေးပွဲဖြေဆိုသူများ၏ ဝင်ခွင့်ကတ်ကို စစ်ဆေးအတည်ပြုရန် ဝန်ထမ်းတစ်ဦးက ကျောင်းအဝင်ဝတွင် ပြင်ဆင်နေပုံကို ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ဇွန် ၇ ရက် ယနေ့တွင် စတင်ကျင်းပမည့် တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၀.၇၈ သန်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးသွားရန် ဒေသဆိုင်ရာအာဏာပိုင်များကို ပညာရေးဝန်ကြီးဌာနက ပြောကြားထားပြီး ၊ အထူးသဖြင့် မသန်စွမ်းကျောင်းသားကျောင်းသူများအတွက် လိုအပ်သော အကူအညီများပေးသွားရန် နှင့် ဆိုးရွားသောရာသီဥတုအခြေအနေ နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုချိန်တွင် COVID-19 ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နှင့် အညီပြုမူရမှာဖြစ်သလို စာမေးပွဲ စည်းကမ်းများကိုလည်း အပြည့်အဝလိုက်နာသွားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

တရုတ်နိုင်ငံ၌ Gaokao ဟုလူသိများသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲသည် အမှန်စင်စစ် တရုတ်ကျောင်းသားကျောင်းသူများအတွက် အလွန်အရေးကြီးဆုံး စာမေးပွဲတစ်ခုဖြစ်ပြီး ၊ ၎င်းတို့၏ အရည်အချင်းကို စမ်းသပ် ရွေးချယ်ရန် မျှတသောစနစ်တစ်ခုဖြင့် ကျင်းပပြုလုပ်သော စာမေးပွဲကြီးတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(English Verion)

Over 10 mln students to sit China’s college entrance exam

BEIJING, June 6 (Xinhua) — A total of 10.78 million Chinese students will sit the country’s annual college entrance exam starting Monday.
The Ministry of Education called for local authorities to offer convenience to exam takers, particularly those with disabilities, and make preparations for potential emergencies, including extreme weather and natural disasters.

Students were reminded to abide by the exam rules and follow COVID-19 containment regulations while sitting the test.
The exam, also known as the Gaokao, is deemed the most important event for Chinese students and hailed as a fair system to select talent.

Photo – A staff member sets up a candidate identification system at a national college entrance examination site in Beijing, capital of China, June 5, 2021. (Xinhua/Ren Chao)