Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် ခရိုင်လေးခုတွင် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနေသော အမျိုးသမီးတစ်ဦးအား ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် ခရိုင်လေးခုတွင် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားသည်။ဒေါက်တာသန်းနိုင်စိုးက “COVID-19 နဲ့ ပတ်သက်ပြီး နဂိုရှိပြီးသားမူဘောင်ဖြစ်တဲ့ အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်ရေးဆိုတဲ့ မူဘောင် အတိုင်း အခုဖြစ်နေတဲ့ အခြေအနေနဲ့ နောက်ထပ်ဖြစ်လာနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေ၊ ဆေးရုံတက်ရရင် ဆေးရုံကုတင်ရရှိစေရေးတွေ၊ ပိုးတွေ့စင်တာတွေကို သွားတဲ့အခါ မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းမွန်စေဖို့ တွေလည်းဆောင်ရွက်ရတာဖြစ်ပါတယ်။’’ ဟု ပြောသည်။

ပြည်သူများအနေဖြင့် COVID-19 သံသယရှိပါက အဆိုပါ COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း၎င်းက ဆိုသည်။
“အိုမီခရွန်က ခပ်ဆင်ဆင်ရောဂါလက္ခဏာနေတွရှိတယ်။ ဒါပေယ့်် cluster အလိုက် တစ်မိသားစုလုံးဖြစ်တာတို့၊ တစ်ရုံးလုံးဖြစ်တာတို့ဆိုရင် အိုမီခရွန်သံသယရှိဖို့ပြောချင်ပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် COVID-19 သံသယလက္ခဏာများ ခံစားရခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းရှိပါက COVID-19 အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) ၏ ဖုန်းနံပါတ်များဖြစ်သောတောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT) ၏ ဖုန်းနံပါတ်များ ၀၉ ၈၈ ၂၅၅၅၀၆၇၊ ၀၉ ၈၈ ၂၅၅၅၀၆၈၊၀၉ ၈၈ ၂၅၅၅၀၆၉၊
မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT) ဖုန်းနံပါတ်များ၀၉ ၈၈ ၂၅၅၅၀၇၁၊ ၀၉ ၈၈ ၂၅၅၆၃၃၈၊၀၉ ၈၈ ၂၅၅၆၃၄၀၊
အနောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT) ဖုန်းနံပါတ်များ ၀၉ ၈၈ ၂၅၅၅၀၆၃၊ ၀၉ ၈၈ ၂၅၅၅၀၆၄ ၊၀၉ ၈၈ ၂၅၅၅၀၆၅နှင့်
အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) ဖုန်းနံပါတ်များ ၀၉ ၈၈ ၂၅၅၅၀၄၉၊ ၀၉ ၈၈ ၂၅၅၅၀၆၁၊ ၀၉ ၈၈ ၂၅၅၅၀၆၂ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

“အိုမီခရွန်မှာ ကာကွယ်ဆေးထိုးထားသူနဲ့ မထိုးထားသူက ကူးစက်မှုနှုန်းနဲ့ ပြင်းထန်မှုနှုန်း ကွာလို့ ပြည်သူတွေ ကို ကာကွယ်ဆေးထိုးဖို့ အကြံပြုချင်တယ်။ Booster နဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ အသက်အရွယ်ကြီးမြင့်သူတွေကို ရပ်ကွက်အလိုက်ဒေသအလိုက် ကျွန်တော်တို့ထိုးနှံပေးနေပြီ။ ရောဂါသံသယရှိရင် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ ကို အကြောင်းကြားရင် ရောဂါကွင်းဆက်တွေကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်’’ ဟု ဒေါက်တာသန်းနိုင်စိုးက ဆက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.