Connect with us

Education & Health

နေအိမ်စာကျက်ဝိုင်း၌ ကြမ်းပိုးသတ်ဆေးဖြန်းထား ရာမှ ဆရာမ ၁ ဦး၊ ကျောင်းသူ ၁၈ ဦး အသက်ရှူကြပ်၍ ဆေးရုံ တက်ရောက်ခဲ့ရ

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နေအိမ်စာကျက်ဝိုင်း၌ ကြမ်းပိုးသတ်ဆေးဖြန်းထား ရာမှ ဆရာမ ၁ ဦး၊ ကျောင်းသူ ၁၈ ဦး အသက်ရှူကြပ်၍ ဆေးရုံ တက်ရောက်ခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ် မှာ ၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်၊ ၁၀း၀၀ နာရီ အချိန် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ ဘော်ကုန်းရပ်ကွက်နေ ဒေါ်လဲ့လဲ့မော်(၃၆)နှစ် ဗမာ/ဗုဒ္ဓ ကျောင်းဆရာမ (အထက်တန်းပြ၊ အ.ထ.က(ကမြိုင်)) ၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် စာကျက်ဝိုင်း၌ မစံပယ်လှိုင်(၁၈)နှစ် အပါအဝင် ကျောင်းသူ ၃၃ ဦး(၁၀-တန်း ၁၈ဦး၊ ၉-တန်း ၁၅ဦး)နှင့် ဒေါ်လဲ့လဲ့မော်တို့ နေထိုင်လျက်ရှိပြီး ၎င်းနေအိမ်အပေါ်ထပ်၌ ကြမ်းပိုးသတ်ဆေး ဖြန်းထားခဲ့ရာမှ ၂၁း၀၀နာရီ အချိန်တွင် အဆိုပါနေရာ၌ ဒေါ်လဲ့လဲ့မော်နှင့် ကျောင်းသူ ၃၃ ဦးတို့ စာကျက်/စာပြနေစဉ် ကြမ်းပိုးဆေး ဖြန်းထားသော အနံ့အား ရှူရှိုက်မိ၍ အသက်ရှူကြပ်ကာ ဒေါ်လဲ့လဲ့မော်နှင့် ကျောင်းသူ မဝါဝါလွင် တို့ အပါအဝင် ၄ ဦး(၁၀-တန်း ၂ဦး၊ ၉-တန်း ၁ဦး) (မစိုးရိမ်ရ) တို့အား ရငဲတိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ မစံပယ်လှိုင် အပါအဝင် ၁၅ ဦး (၁၀-တန်း ၅ဦး၊ ၉-တန်း ၁၀ဦး)(မစိုးရိမ်ရ) တို့အား ထားဝယ်ဆေးရုံကြီးသို့ လည်းကောင်း အသီးသီး ပို့ဆောင်ကုသ လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရငဲဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေါ်လဲ့လဲ့မော် အပါအဝင် ၄ ဦးသည် ကျန်းမာရေး ပြန်လည် ကောင်းမွန် လာ၍ ဆေးရုံမှဆင်းခဲ့ပြီးထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော မစံပယ်လှိုင်ပါ ၁၅ ဦး မှာ ကျန်းမာရေးသက်သာ ကောင်းမွန် ပြီးဖြစ်သော်လည်း ၂၄ နာရီ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.