Connect with us

Education & Health

အစားအသောက်များ ဘေးအန္တရာယ်ကင်းရေး စည်ပင်၊ ထွေအုပ်ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မည်

စားသောက် ဆိုင် များနှင့် လမ်းဘေးဈေးဆိုင်များ တွင် ကျန်းမာရေးနှင့် ညီညွတ်စွာပြင်ဆင်ရောင်းချနိုင်ရေး အသိပညာ ပေးခြင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်မာရေးနှင့် ညီညွတ်သော အစားအသောက်များကို အများပြည်သူ စားသုံး နိုင်ရေးအတွက် သက်ဆိုင်ရာများက စီမံဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန(FDA) ၏ ဆောင်ရွက်ပေးမှု အပြင် ဒေသတွင်းရှိ စည်ပင် သာယာရေး ကော်မတီ၊ မြို့နယ် အထွေထွေ အုပ်ချုုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်း ပါဝင်မှု တို့သည် လွန်စွာ အရေးကြီးပြီး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နေပြည်တော် FDA မှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် က ယနေ့ပြောကြားခဲ့သည်။

“ဒီလမ်းဘေး ဈေးသည်တွေကို ထိန်းကျောင်းတဲ့ ကိစ္စကကျွန်တော်တို့ FDA တစ်ခုတည်းနဲ့ ထိန်း ကျောင်း လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး၊ စည်ပင်သာယာနဲ့ သော်လည်းကောင်း၊ ထွေအုပ်နဲ့သော်လည်း ကောင်း၊ ပြည် သူ့ကျန်းမာရေး ဦးစီးဌာနနဲ့သော်လည်း ကောင်း ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါ ကျွန်တော်တို့က အပိုင်းတွေ ခွဲထုတ်လိုက်ပြီးတော့ FDA က ဘာလုပ် ရ မှာလဲ၊ စည်ပင်သာယာက ဘာလုပ်မှာလဲ၊ ပြည်သူ့ကျန်းမာရေး က ဘာလုပ်မှာလဲ၊ ဆိုတာ ကို ခွဲချပြီးတော့မှ သူ့ အပိုင်းနဲ့သူ တာဝန်ယူ ဆောင်ရွက်ကြဖို့ တာဝန်တွေ သတ်မှတ်ကြဖို့ လိုပါတယ်” ဟု ယနေ့ နံနက်ပိုင်းက နေပြည်တော် ရှိ Grand Amara Hotel တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြုလုပ် ခဲ့သည့် စားသောက် ဆိုင် များနှင့် လမ်းဘေးဈေးဆိုင်များ တွင် အစား အသောက် များ ဘေး အန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာပြင်ဆင်ရောင်းချနိုင်ရေး အသိပညာ ပေးခြင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ FDA မှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က အဖွင့်အမှာ စကားပြောကြား ရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လက်ရှိမြေပြင်တွင် စားသုံးသူ ပြည်သူလူထု၏ အစားအသောက်ဆိုင်ရာ လုံခြုံမှု အတွက် FDA အပါ အဝင် သက်ဆိုင်ရာဌာနဆိုင်ရာများက ဆောင်ရွက်ပေးနိုင်မှု အခြေအနေမှာ အားနည်းလျက် ရှိပြီး FDA ၏ မျှော်မှန်းချက် အတိုင်း ဖြစ်ပေါ်လာရန်မှာ အလှမ်းဝေးနေသေးကြောင်း၊ ထိရောက်သော အစား အသောက်လုံခြုံမှု အတွက် လုပ်ဆောင်ကြမည် ဆိုပါက ညွန်ကြားချက် အတိုင်း ဆောင်ရွက် ရန် ဒေသအလိုက် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် အထွေထွေ ဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်ရန် လိုအပ် ကြောင်း ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် စားသောက် ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များတွင် အစားအ သောက်များ ဘေး အန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာပြင်ဆင်ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် ညှိ နှိုင်းဆွေးနွေးပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင် သာ ယာ ရေး ကော်မတီ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းတို့ တက်ရောက် ဆွေးနွေးကြပြီး ပြည်သူ့ ကျန်းမာရေးဦး စီးဌာန၊ ဟိုတယ် နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ တိုင်းဒေသကြီး ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ ဌာနမှူးများ၊ အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်)၊ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (မန္တလေး)၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ စီမံရေးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ စီမံရေးဌာန၊ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ သန့်ရှင်းရေး ဌာန၊ ဈေးနှင့် သားသတ်ဌာန၊ မြန်မာနိုင်ငံ စားသုံး သူများ သမဂ္ဂ၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ စားသောက်ကုန် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ဓာတ်ခွဲခန်း မန်နေဂျာနှင့် Progetto Continenti (INGO)မှ Project Manager တို့ကလည်း ပါဝင် ဆွေးနွေးသွားကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117