Connect with us

Politics, Law & Military

ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် အရေးကြီး

၂၀၁၈ ကမ္ဘာ့ စားနပ်ရိက္ခာနေ့  အခမ်းအနားတွင် ဒုတိယ သမ္မတ ဟင်နရီ ဦးဗန်ထီးယူ အဖွင့် မိန့် ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော် အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၃၀ ခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ဟူသည့် တစ်ကမ္ဘာ လုံးဆိုင်ရာ ရည်မှန်းချက် အောင်မြင်ရန် စားနပ် ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက် အောင်မြင် စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုက အလွန်အရေးကြီးကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၈ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် ပြောခဲ့သည်။

“ငတ်မွတ်မှုနဲ့ အာဟာရ ချို့တဲ့မှုကို တိုက်ဖျက်ရာမှာ ၎င်းနဲ့ ဆက်စပ်ပတ်သက်နေတဲ့ လူမှုဘ၀ လုံခြုံ ရေး၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုး မွေးမြူရေး၊ အာဟာရ ပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍ တွေမှာ အစိုးရပိုင်းအနေနဲ့ မှန်ကန်တဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်များ ချမှတ်နိုင်မှု၊ ထိရောက် မြန်ဆန် တဲ့ ဆက်သွယ်ရေး စနစ်၊ ဥပဒေနဲ့ လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ပေးမှု၊ ရင်းနှီးမြှုပ်နှံသူ တွေအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်မှုတွေဟာ အလွန်ပဲ အရေးကြီးပါတယ်” ဟု နေပြည်တော် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန တွင် ယနေ့နံနက် ပြုလုပ်သော ၂၀၁၈ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်း အမှတ် အခမ်းအနား၌ ဒုတိယ သမ္မတက ပြောခဲ့သည်။

၂၀၁၈ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် လယ်/ ဆည် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

FAO မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan က ကုလ သမဂ္ဂ ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားစဉ်။ (ဆင်ဟွာ)

ပြခန်းများ လှည့်လည်ကြည့်ရှုကြစဉ်။(ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။(ဆင်ဟွာ)

ထို့အပြင်မိမိတို့ အစိုးရအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၊ ဘေးကင်း လုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေး ကဏ္ဍများတွင် FAO ကဲ့သို့ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်ယာထုတ်ကုန် မြှင့်တင် ရေး၊ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး စသည့် ကဏ္ဍများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ပြင်ဆင် ပြဌာန်းပေးခြင်း စသည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှတစ်ဆင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

“Our Actions are our Future. A # Zero Hunger world by 2030 is possible.” “ငတ်မွတ် ကင်းစင် ၂၀၃၀ တွင်၊ တို့ရဲ့ အနာဂတ် တို့ ပြင်ဆင်” ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ သံရုံး အသီးသီးမှ သံအမတ်ကြီးများ၊ FAO, UN, INGO, NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.