Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်သစ် ၅တန်ကျော် ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိသော သစ်လုံးများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် တရားမဝင် ပိတောက်သစ် ၅တန်ကျော်အား ပိုင်ရှင်မဲ ဖမ်ဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် နံနက် ၁ နာရီခွဲက ဆင်ရှင်ကျေးရွာအုပ်စု ငှက်ပျောတော (တောင် ) ကျေးရွာရွာလယ်လမ်းတွင် ရပ်တန့်ထားသော ယာဉ်အမှတ် မပါ A-6 အမျိုး အစား ခြောက်ဘီးယာဉ်နှင့် ယာဉ်အမှတ် SHN 2D/—- A – 6 အမျိုးအစား ခြောက်ဘီးယာဉ်တို့ကို စစ်ဆေးရှာဖွေရာ စုစုပေါင်း တရားမဝင် ပိတောက်သစ် အတုံး ၅ဝ ( ၅ ဒသမ ၉၂၇၄)တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသော တရားမဝင် ပိတောက်သစ်တုံးများ ကို မြို့နယ်သစ်တောဦးစီးဌာနတွင် မော်တော်ယာဉ်တို့ကို ပုလဲမြို့မ ရဲတပ်ဖွဲ့စခန်းသို့ သယ်ဆောင်၍ ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း သိရသည်။(Xinhua)