Connect with us

Politics, Law & Military

တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ဖေဖော်ဝါရီတစ်လ ထပ်မံတိုးမြှင့်ရပ်ဆိုင်း

တပ်မတော်နေ့ အခမ်းအနားကျင်းပနမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင် ဆောင်ရွက်နိုင်ရေးနှင့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်း၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများမှအပ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို တစ်လရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားခဲ့ရာမှ ယခု တစ်လ ထပ်မံ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)