Connect with us

Politics, Law & Military

တရားမဝင် သယ်ဆောင်လာသော ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိ

မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ်(ဓာတ်ပုံ- စီးပွားကူးသန်း)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆိုင်ကယ်ကယ်ရီများဖြင့် သယ်ဆောင်လာသော တရားမဝင် ကန့်သတ်ကုန်ပစ္စည်းဖြစ်သည့် ကွမ်းစား ဆေး(Sagar)(50g)(1x10x40) 6 Pkgs စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၁၈ဝ သန်းကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်က ရေပူစစ်ဆေးရေးစခန်းတွင် တရားမဝင်ကုန်စည် တားဆီးမှုနှစ်မှု ခန့်မှန်းတန်ဖိုး ၂ ဒသမ ၂၁၇ သန်း ခန့်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်စည်တားဆီးမှုနှစ်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၅၃ဝ သန်းခန့် စုစုပေါင်း တားဆီး မှုလေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၇၄၇ သန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ရန်ကုန်-မြဝတီ လမ်းတစ်လျှောက် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ် ရေးအတွက် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်မှ စတင်ဖွင့်လှစ်စစ်ဆေး ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.