Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် သိန်း၄ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း၄ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မုံးကျက်ကျေးရွာအနီး မုံးကျက်-ပူကွန်ကျေးရွာ သွားလမ်း၌ တပ်မတော်သားများပါဝင်သောပူးပေါင်းအဖွဲ့သည် ပူကွန်ကျေးရွာဘက်မှ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးအား စစ်ဆေးရန်တားဆီးစဉ် အဆိုပါဆိုင်ကယ် ၂ စီးမှာ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားပြီး ၎င်းတို့ပြုတ်ကျကျန်ရစ်ခဲ့သော ဆာလာအိတ် ၂ ထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝ,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄ဝဝဝ သိန်း)တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.