Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူ ၆၂၄ ဦး ထောင်ဒဏ် ချမှတ်ခံရ

ဒုစရိုက်မှုခင်းများမဖြစ်ပွားစေရေးအတွက် ညစဉ်ညတိုင်း ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်စဉ်( ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူ (၆၂၄) ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

COVID-19 ရောဂါ အခြေအနေကြောင့် ညမထွက်ရ အမိန့်ကို ဧပြီလ (၂၁) ရက်မှ အောက်တိုဘာ ၅ ရက်အတွင်း ချိုးဖောက်သူများအား အရေးယူရာ၌ ပုသိမ်ခရိုင်တွင် (၁၀၄) မှုတွင် အရေးယူခံရသူ (၂၉၁) ဦး၊ ဟင်္သာတခရိုင်တွင် (၇၃) မှုတွင် အရေးယူခံရသူ (၉၅) ဦး၊ မအူပင်ခရိုင်တွင် အမှု (၄၂) မှုတွင် အရေးယူခံရသူ (၇၀) ဦး၊ ဖျာပုံခရိုင်တွင် အမှု (၂၇) မှုတွင် အရေးယူခံရသူ (၅၆) ဦး၊ မြောင်းမြခရိုင်တွင် အမှု (၅၅) မှုတွင်အရေးယူ ခံရသူ( ၆၉) ဦးနှင့် လပွတ္တာခရိုင်တွင် အမှု (၂၂) မှုတွင် အရေးယူခံရသူ( ၄၃) ဦးဖြစ်ကြောင်း သိရသည်။

ဒုစရိုက်မှုခင်းများမဖြစ်ပွားစေရေးအတွက် ညစဉ်ညတိုင်း ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်စဉ်( ဓာတ်ပုံ- Yangon Police)

တိုင်းဒေသကြီအတွင်း အမှုပေါင်း( ၃၂၃) မှုတွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ (၆၂၄) ဦးရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။အဆိုပါ ညမထွက်ရအမိန့် ကျူးလွန်သူအားလုံးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများမှ တရားလိုပြုလုပ်ပြီး ထောင်ဒဏ်များ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီးလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အများပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပွားစေရေးတို့အတွက် ညစဉ်ညတိုင်း ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ညမထွက်ရသတ်မှတ်ထားသော အချိန်များတွင် ညထွက်ရှိသူများအား စစ်ဆေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ညမထွက်ရအချိန်များတွင်လည်း ခိုးဆိုးနှိုက်အမှုများလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.