Connect with us

Politics, Law & Military

အစိုးရ Websiteများအား Defaced ပြုလုပ်တိုက်ခိုက်ခံရမှုကို ပြင်ဆင်နိုင်

အစိုးရ Websiteများအား Defaced ပြုလုပ်တိုက်ခိုက်ခံရသည့်ထုတ်ပြန်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ အစိုးရ Websiteများအား ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် Defaced ပြုလုပ်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး လက်ရှိပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန ၊ အပူပိုင်းစိမ်းလန်းစိုပြည်ရေးဌာန ၊ တနင်္လာရီတိုင်းသဘာဝပတ်ဝန်းကျင်ဌာနစသည့် website များဖြစ်သည့် www.forestdepartment.gov.mm၊ www.dryzonegreening.gov.mm ၊ www.tnrpmoecaf.gov.mm www.surveydepartment.gov.mmနှင့် www. myanmarchm.gov.mm စသည့် Website ၅ ခုကို Defacement Attack ဖြင့် တိုက်ခိုက်ခံရပြီး သိလျှင်သိချင်း တုံ့ပြန်ဆောင်ရွက်ဖွယ်ရာများကို mmCERT က အကြောင်းကြားခဲ့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အခြားသောဝက်ဘ်ဆိုက်များ၊ အလားတူ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပေါ်ပါက နည်းပညာအကူအညီရယူရန် mmCERT, အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ သတင်း အချက်အလက်နှင့်ဆိုက်ဘာ လုံခြုံရေးဦးစီး ဌာန၊ ဖုန်း၊ ၀၁-၆၅၀၈၉၁၊ ၀၆၇-၃၄၂၂၆၃၃၊ e-mail:[email protected] သို့ ဆက်သွယ် အကူအညီတောင်ခံ နိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.