Connect with us

Social

ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်ပြု ထားသည့် ကုမ္ပဏီ ၆ဝ ကျော်ရှိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်ပြု ထားသည့် ကုမ္ပဏီ ၆ဝ ကျော်ရှိပြီး ကြားပွဲစားများဖြင့် သွားရောက် လုပ်ကိုင်ခြင်း မပြုသင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား တင်ပို့ခွင့်ပြု ထားသည့် ကုမ္ပဏီတချို့မှာ ယွန်းနဒီဦး နှင့် ရောင်းရင်းများ၊ တူးဒေး တော့စတား၊ သပြေမင်း၊ ကောင်းမြတ်စံ၊ အေးလင်းလက်ထွဋ်၊ သုခစံ နှင့် တော်ဝင် ရွှေတံခါး စသည်တို့ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ရာတွင် လုပ်သားများ တရားဝင် ဖြစ်စေရေး အပါအဝင် အချက်ကိုးချက်ကို ထိုင်း အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း ဆိုသည်။

အဆိုပါ အချက်များအနက် အထောက်အထားမဲ့ မြန်မာ အလုပ်သမား များနှင့် မှီခိုများအား ထုတ်ပေးမည့် သက်သေခံ လက်မှတ် (CI) ကို ထိုင်းနိုင်ငံဘက်မှ အသိအမှတ်ပြု လက်ခံနိုင်ရေး၊ CI ထုတ်ပေးမည့် စခန်းများကို ထိုင်းနိုင်ငံအတွင်း ငါးနေရာ သို့မဟုတ် ခြောက်နေရာ ထားရှိပြီး Work Permit နှင့် ဗီဇာများ ထုတ်ပေးနိုင်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် ဆောင်ရွက်ပေး ရမည့် နိုင်ငံသား စိစစ်ရေးလုပ်ငန်း နှင့် အချက်အလက် ကောက်ယူမည့် အဖွဲ့များ ကို ပြန်လည် လုပ်ကိုင်ခွင့် ပေးရေး စသည့် အချက်များ ဆွေးနွေး ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု နှင့် ပတ်သက်၍ စည်းကမ်း မလိုက်နာသဖြင့် ပိတ်သိမ်း ထားသော ကုမ္ပဏီရှစ်ခု ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117