Connect with us

Sport

ရုရှားနိုင်ငံတွင် ကျင်းပမည့် လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဝင်ရောက်ဆင်နွဲမည်

မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဝင်ရောက်ဆင်နွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)တို့နှင့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Gazprom မှဦးစီးကျင်းပခြင်းဖြစ်သည်။

အဆိုပါ Football for Friendship World Championship ပြိုင်ပွဲတွင် အသက် ၁၂ နှစ်အရွယ် ကစားသမား(၆)ဦးစီဖြင့် ဖွဲ့စည်းထားသော အသင်းပေါင်း ၃၂ သင်းပါဝင်ပြီး မြန်မာကစားသမား မင်းခန့်သူမှာ Gharial အသင်းတွင် နောက်ခံကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံများမှ ကစားသမားများဖြင့် အတူတကွ ပူးပေါင်း ကစားရမည်ဖြစ်သည်။

The Football for Friendship (F4F) အစီအစဉ်အား ၂၀၁၇ ခုနှစ်က ၆၄ နိုင်ငံဖြင့်သာ ကျင်းပခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် နိုင်ငံဒေသပေါင်း ၂၁၁ ခုဖြင့် ရုရှားနိုင်ငံ မော်စကို မြို့တွင် ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်းဖြစ်ကာ မြန်မာ ဘောလုံး အကယ်ဒမီများအနက် ကျောင်းစာအတော်ဆုံး ကစားသမားအား စိစစ်ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။ မြန်မာမှ မင်းခန့်သူသည် F4F ဘောလုံးပွဲတော် ဆင်နွှဲပြီးသည်နှင့် ခြောက်ကြိမ်မြောက် နိုင်ငံတကာ ကလေးများဖိုရမ် The Sixth International Football for Friendship Children’s Forum သို့တက်ရောက်ရမည် ဖြစ်သကဲ့သို့ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခွင့်ရ မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.