Connect with us

Africa & Middle East

နိုင်ဂျာ-ပြင်သစ် ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်မှုတွင် အကြမ်းဖက်သမား ၁၅ ဦးအား ရှင်းလင်း သုတ်သင်နိုင်ခဲ့

နိုင်ဂျာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နီယာမေ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

နိုင်ဂျာ-ပြင်သစ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၇ ရက် ညပိုင်းနှင့် ၂၈ ရက် နံနက်ပိုင်းတွင် နိုင်ဂျာနိုင်ငံ အနောက်ပိုင်း တဲလာဘယ်လ်လီ(Tillabéri)ပြည်နယ်၌ ပူးတွဲစစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၅ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း နိုင်ဂျာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခု ပြုလုပ်သည့် နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးတွင် အရေးပါသည့် အောင်မြင်မှုများရရှိခဲ့ကြောင်း ၊ နိုင်ဂျာနိုင်ငံအနေဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ၊ အဖွဲ့လိုက် ရာဇဝတ်မှုကျူးလွန်မှုများကို ခိုင်ခိုင်မာမာတိုက်ဖျက်သွားမည် ဖြစ်ကြောင်း နိုင်ဂျာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ခါလာမိုထလီ (Kalla Moutari) က ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးတွဲ စစ်ဆင်ရေးလှုပ်ရှားမှုတွင် နိုင်ဂျာ-ပြင်သစ် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသေဆုံးဒဏ်ရာရမှုများ မရှိကြောင်း၊ အကြမ်းဖက်သမား ၁၅ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် မော်တော်ယာဉ် ၂၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်အချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ယင်းနိုင်ငံမီဒီယာများ၏ သတင်းများအရ သိရသည်။

တဲလာဘယ်လ်လီ(Tillabéri)ပြည်နယ်သည် နိုင်ဂျာနိုင်ငံအနောက်ပိုင်းတွင် တည်ရှိသည်။ ယခုနှစ်ပိုင်းများတွင် အကြမ်းဖက်အဖွဲ့အစည်းများက နိုင်ဂျာနိုင်ငံ အနောက်ပိုင်း မာလီ(Mali)၊ ဘာကီနာဖာဆို (Burkina Faso)နိုင်ငံများနှင့်ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင် တိုက်ခိုက်မှု များပြုလုပ်ခဲ့ရာ လူအမြောက်အမြားသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁ ရက်တွင် တဲလာဘယ်လ်လီ(Tillabéri)ပြည်နယ်ရှိ ရဲဌာနတစ်ခုကို လက်နက်ကိုင်များက ဝင်ရောက်စီးနင်းရာ လူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.