Connect with us

Asia

ထိုင်းနိုင်ငံက အောက်တိုဘာ ၁၄အား ထိုင်းဘုရင် ကံတော်ကုန်ခြင်း ဝမ်းနည်းမှုအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်

ထိုင်းဘုရင် ဘူမိဘောလ် အဒူယာဒတ် (Bhumibol Adulyadej) အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အစိုးရသည် အောက်တိုဘာလ ၁၃ရက်တွင် ကံတော်ကုန်ခဲ့သည့် သက်တော် ၈၈နှစ်အရွယ် ရှိပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် (Bhumibol Adulyadej) အား ဝမ်းနည်းလွမ်းဆွတ်သည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၄ရက် ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။

ထိုင်းအစိုးရ က ထိုင်းနိုင်ငံသားများအား တစ်လတိတိ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း မပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

ထိုင်းဘုရင်၏ ရုပ်ကလာပ်အား သီရိရာဇ (Siriraj) ဆေးရုံမှ ဘန်ကောက်မြို့၏ ထင်ရှားကျော်ကြားသော တော်ဝင်နန်းတော် (Grand Palace) သို့ အောက်တိုဘာ ၁၄ရက်တွင် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

လူပေါင်းများစွာသည် ထိုင်းဘုရင် ကံတော်ကုန်ခြင်းအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြရန်အတွက် သီရိရာဇ (Siriraj) ဆေးရုံ၊ တော်ဝင်နန်းတော် (Grand Palace) နှင့် အခြားနေရာများသို့ သွားရောက်ခဲ့ကြပြီး ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် (Bhumibol Adulyadej) သည် နန်းစံသက် ၇၀နှစ် ဖြင့် ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင်လည်း ထိုင်းနိုင်ငံသားများသည် ၎င်းတို့ ချစ်ခင်ရသော ဘုရင်ကြီး အတွက် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ ဓါတ်ပုံများအား အဖြူ နှင့် အမည်း အဖြစ်သို့ ပြောင်းလဲခဲ့ကြကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117