Connect with us

Asia

ပျောက်ဆုံး ဗီယက်နမ် လေယာဉ်မှ လေယာဉ်မှူးတစ်ဦး ပြန်တွေ့

SU-30 အမျိုးအစား ဗီယက်နမ် ဂျက်တိုက်လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

SU-30 အမျိုးအစား ပျောက်ဆုံး ဗီယက်နမ် လေယာဉ်မှ လေယာဉ်မှူး တစ်ဦးအား တံငါလှေ တစ်စီးက တွေ့ရှိ ကယ်ဆယ်ထားကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ဇွန်လ ၁၅ ရက်တွင် အတည်ပြု ပြောကြားသည်။

ရုရှားနိုင်ငံထုတ် ဂျက် တိုက်လေယာဉ်သည် ဗီယက်နမ် နိုင်ငံအလယ်ပိုင်း Nghe An ပြည်နယ် ကမ်းရိုးတန်း၌ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပေါ်တွင် ပျံသန်းရေး အတွေ့အကြုံရင့် လေယာဉ်မှူး နှစ်ဦး လိုက်ပါသွားကြောင်းနှင့် ဟနွိုင်မြို့မှ တောင်ဖက် ကီလိုမီတာ ၁၄ဝ ကွာဝေးသည့် Thanh Hoa ပြည်နယ် အလယ်ပိုင်းရှိ SaoVang လေဆိပ်မှ ဇွန်လ ၁၄ ရက် နံနက် အစောပိုင်းတွင် လေ့ကျင့်ရေးအတွက် စတင် ပျံသန်းထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ရှာဖွေရရှိထားသူမှာ လေယာဉ်မှူး Nguyen Huu Cuong ဖြစ်ကြောင်း နှင့် ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ “လေယာဉ်မှူးကို ကယ်ထားတဲ့ တံငါလှေ ဆီကို ကယ်ဆယ်ရေး သင်္ဘောနဲ့ လေယာဉ်တွေ သွားနေပါပြီ” ဟု ၎င်းအရာရှိက ပြောသည်။

ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဟနွိုင်မြို့မှ တောင်ဘက် ၂၆ဝ ကီလိုမီတာ အကွာရှိ Nghe An ပြည်နယ် ရေပိုင်နက် အတွင်းတွင် ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အစီအစဉ်များကို ဆက်လက် လုပ်ကိုင်လျက် ရှိသည်။ “ ဇွန်လ ၁၄ ရက်မှာ နောက်ထပ် သင်္ဘော ၂၅ စင်း စေလွှတ်ထားတယ်။ ဇွန်လ ၁၅ ရက်မှာ ဆိုရင် Nghe An ပြည်နယ်ထဲမှာ ရှာဖွေရေး လုပ်ဖို့သင်္ဘော ၅ဝ စင်း နဲ့ရဟတ်ယာဉ် ၅ စင်းထိ ရှိနေပါပြီ ” ဟု ၎င်းအရာရှိက ဖြည့်စွက် ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.