Connect with us

Asia

ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကမ္ဘောဒီးယား၊ စင်ကာပူ ချစ်ကြည်ရေး ခရီးသွားမည်

၁၃ ကြိမ်မြောက် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် လာမည့် သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည် ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ဒူတာတေးသည် ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လည်းကောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တွင် စင်ကာပူနိုင်ငံသို့ လည်းကောင်း သွားရောက်ရန် ရှိကြောင်း သမ္မတ နန်းတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ချားလ်စ်ဂျို့စ် (Charles Jose) ကပြောသည်။
အဆိုပါ ခရီးစဉ် နှစ်ခုလုံးသည် သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိမ်နီးချင်း အာရှနိုင်ငံများသို့ မိတ်ဆက် ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် သွားရောက်ခြင်း ဖြစ်ကြောင်း ဂျို့စ်က ပြောသည်။
ထို့ပြင် ကမ္ဘောဒီးယား ခရီးစဉ်အတွင်း ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း (Hun Sen) နှင့် တွေ့ဆုံကာ ကာကွယ်ရေးနှင့် လုံခြုံရေး ဆက်ဆံမှုများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု စသည်တို့ အပါအဝင် အပြန်အလှန် ဆက်စပ်သည့် ကိစ္စရပ်များအား ဆွေးနွေးမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်လည်း စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) နှင့်အတူ နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။
ဒူတာတေးနှင့် လီတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင့် ပိုမို တိုးတက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ချေမှုန်းခြင်း စသည့် အကြောင်းအရာများ ဆွေးနွေးသွားရန် ရှိကြောင်း ဂျို့စ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117