Connect with us

Eastern Europe

လက်နက်ထိန်းချုပ်မှု သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ရုရှားပြော

ရုရှားနိုင်ငံမော်စကိုမြို့ ၌ ကျင်းပသော V-day အခမ်အနားတွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ၊ ၎င်းတို့၏ မဟာဗျူဟာမြောက်လက်နက်များ ထုတ်ဖော်ပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောကြားချက်များအပေါ် ရုရှားနိုင်ငံကရင်မလင်နန်းတော်က မတ်လ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။

ရုရှားနိုင်ငံသည် နိုင်ငံတကာကတိကဝတ်များအားလုံးကို အစဉ်တစိုက် စောင့်ထိန်းလိုက်နာခဲ့ကြောင်း ကရင်မလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ခ်(Dimitry Peskov) က နေ့စဉ်ပုံမှန်ပြုလုပ်နေကြ သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားများအားပြောကြားခဲ့သည်။

ပြီးခဲ့သော မတ် ၁ ရက်က ရုရှားနိုင်ငံပါလီမန်၌ နှစ်ပတ်လည် မိန့်ခွန်းပြောကြားစဉ် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က “ မည်သည့်ဒုံးကျည်ကာကွယ်ရေးစနစ်မျိုးကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိသော” ရုရှားနိုင်ငံ၏ state-of-the-art missiles ဒုံးကျည်များကို ထုတ်ဖော် ရှင်းလင်းပြသခဲ့သည်။

ယင်းနောက်တွင် အမေရိကန်နိုင်ငံက ရုရှားနိုင်ငံအနေဖြင့် တာလတ်ပစ်နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ ထုတ်လုပ်မှု သဘောတူညီချက်ကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။အဆိုပါ သဘောတူညီချက်ကို လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နျူကလီးယားကင်းစင်ရေး နှင့် မြေပြင်မှ ပစ်ခတ်သော ပဲ့ထိန်းဒုံးကျည်များ နှင့် တာလတ်ပစ် ပင်လယ်ပြင်မှ ပစ်ခတ်သော ဒုံးကျည်များ ဖယ်ရှားရေး ရည်မှန်းချက်အတွက် ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် လက်နက်ပြိုင်ဆိုင်ပွဲတွင် ပါဝင်ရန် အစီအစဉ်မရှိကြောင်း ပက်စ်ကော့ခ် ကဆိုသည်။ မတ်လ ၁ ရက်က လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် သမ္မတပူတင်က “ ရုရှားဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ဖို့ အစီအစဉ်မရှိပါဘူး” ဟုပြောကြားခဲ့ပြီး ၊ ရုရှား နှင့် ၎င်း၏ မဟာမိတ်အား တိုက်ခိုက်ရန် အစီအစဉ်မရှိသူကို ၎င်းလက်နက်သစ်များက ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ပြုလုပ်ရန် မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.