Connect with us

North America

နယူးယောက်ရှိ ထရမ့်တာဝါတွင် သံသယဖြစ်ဖွယ် အထုပ်များတွေ့ရှိ

နယူးယောက်မြို့လယ်ရှိ ထရမ့်တာဝါပြင်ပတွင် ရဲအရာရှိတစ်ဦးက စောင့်ကြည့်နေသည်ကို ဇူလိုင်လ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟတ်တန်ရှိ ထရမ့်တာဝါတွင် တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် အထုပ်များကို နယူးယောက် ရဲဌာန (NYPD) က စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။

အဆိုပါ ထရမ့်တာဝါ အပြင်ဘက်ရှိ နေရာသုံးခုတွင် သံသယဖြစ်ဖွယ် အနည်းဆုံး အထုပ်သုံးထုပ်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းများအရ သိရသည်။

Twitter တွင်မြင်တွေ့ရသည့် ဗီဒီယိုပြသချက်များအရ East 56th နှင့် East 57th လမ်းကြား Fifth Avenue အား ပိတ်ထားကြောင်း၊ NYPD ဗုံးရှင်းရေးအဖွဲ့ က အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေကြောင်း တွေ့ရသည်။

ယင်းအထုပ်များမှာ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

အဆိုပါ တာဝါကို အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထရမ့်အဖွဲ့အစည်းက ပိုင်ဆိုင်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.