Connect with us

North America

အမေရိကန်နိုင်ငံရှိ သေနတ်အရောင်းဆိုင်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ ၃ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Chantilly မြို့ရှိ သေနတ်အရောင်ဆိုင်တစ်ခု၌ အရောင်းဝန်ထမ်းတစ်ဦးက ရိုင်ဖယ်သေနတ်အသုံးပြုပုံကို ရှင်းပြနေစဉ်(ဆင်ဟွာ)

ဟူစတန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့ဆင်ခြေဖုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်က လူတစ်ဦးသည် သေနတ်အရောင်းဆိုင်ထဲသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုသည် လူဝီစီးယားနားပြည်နယ် Jefferson Parish မြို့၏ သန်းခေါင်စာရင်းဝင်နေရာ Matairie ရပ်ကွက်ရှိ Jefferson သေနတ်အရောင်းဆိုင်၌ ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၁၀၀ နာရီ)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Jefferson Parish မြို့ အများပြည်သူလုံခြုံရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သေနတ်သမားနှင့် အခြားသူများ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းသေနတ်သမားလည်း သေဆုံးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေနတ်အရောင်းဆိုင်၏ ကားပါကင်နေရာတွင် အခြားလူ နှစ်ဦး ထိခိုက် ဒဏ်ရာရာသွားကြောင်း ၊ ၎င်းတို့အား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း နှင့် အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း Jefferson Parish အများပြည်သူလုံခြုံရေးဌာနမှ Joseph Lopinto က ဆိုသည်။

ထို့ပြင် အခင်းဖြစ်ပွားရာ နေရာသို့ တရားဥပဒေစိုးမိုးရေး ဌာနအသီးသီးမှ ရဲအရာရှိများစွာ ရောက်ရှိကာ ထိန်းသိမ်းပေးခဲ့ကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။ (Xinhua)

…………………………………………
(English Version)
3 killed, 2 injured in shooting at gun store in New Orleans
HOUSTON, Feb. 20 (Xinhua) — A person went into a gun store and shooting range in a New Orleans suburb in the U.S. state of Louisiana on Saturday and shot two people dead.
The shooting happened at around 3 p.m. (2100 GMT) at the Jefferson Gun Outlet in Metairie, a census-designated place in Louisiana’s Jefferson Parish, according to the Jefferson Parish Sheriff’s Office.
After exchanging fire with “multiple other individuals,” the shooter also died, it said in a news release.
Two more people were injured at the parking lot. They were transported to a local hospital for treatment and were in stable condition, said Jefferson Parish Sheriff Joseph Lopinto.
Officials also said that dozens of police officers from multiple jurisdictions converged on the scene of the incident. Enditem

File Photo: A shop assistant explains the function of a rifle at a gun shop in Chantilly, Virginia, the United States, on Jan. 10, 2013. (Xinhua/Fang Zhe)