ရန်ကုန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့ ရှိ့ ကလေးငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာပုံ နှင့် လမုန့် ပြုလုပ်နည်း များ အား သင်ကြား မိတ်ဆက် ပေးသည့် အစီအစဉ် တစ်ရပ် အား စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ပေးခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား အား သြဂုတ်လ ၈ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အား ဇွန်လ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Pan Pacific ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ် - မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ယနေ့ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ယူနန် ပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Ruan Chengfa ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan နှင့် ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် Mr.He Ligui တို့အပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် တိုင်းရင်းသား အဆိုအကအနုပညာရှင်အဖွဲ့သည် ဇွန် ၂ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ယူနန်ဘုံကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက်ကပြခဲ့ကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး မစ္စတာ ယွီပြင်းကျန်း(Yu Bianjiang) နှင့်အတူ ဖိတ်ကြားထားသော မြန်မာနိုင်ငံ တရုတ်အမျိုးသားအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်ပရိသတ် ၂၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ၁၈ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား အဆင့် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန်ဒေသ နောက်ဆုံးအဆင့် ပြိုင်ပွဲ အား ဇွန်လ ၁ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပထမဆု နှင့် ဒုတိယဆု ရရှိသည့် ကျောင်းသူ နှစ်ဦး အား တရုတ် နိုင်ငံ တွင် ကျင်းပ မည့် နိုင်ငံတကာ ပြိုင်ပွဲ သို့ သွားရောက် ပါဝင်ရန် ရွေးချယ်ပေးခဲ့သည်။

ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား အား မေလ ၂၁ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန်၊ မေ ၁၈ ရက်(ဆင်ဟွာ)

၂၀၁၉ခုနှစ် “ (၁၈)ကြိမ်မြောက် တရုတ်စာပေ ပေါင်းကူးတံတား ” တက္ကသိုလ်ကျောင်းသားအဆင့် ကမ္ဘာတစ်ဝန်း တရုတ်ဘာသာစကားပြိုင်ပွဲ၏ ရန်ကုန် ပဏာမ ရွေးချယ်ပွဲကို ယနေ့ (မေ ၁၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်မြို့ တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးက ၂၀၁၉ ခုနှစ် သြင်္ကန် ကြိုဆိုပွဲအား ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်များ အတူတကွ ပျော်ရွှင်စွာဖြင့် ကြိုဆို ဆင်နွှဲခဲ့ကြသည်။

Page 2 of 5