တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ခေတ်ကာလသစ် နှင့် ကုန်သည်ကြီးများ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေသစ်

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးချန်းဟိုင် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ) Economy

ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာနိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း က ဇူလိုင်လ ၃ ရက် ၌ “တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ခေတ်ကာလသစ်-ကုန်သည်ကြီးများ ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေသစ်” ဟူ သည့် ခေါင်းစဉ် ဖြင့် ဗီဒီယို ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးချန်းဟိုင် က တက်ရောက်၍ မိန့်ခွန်းပြောကြား ခဲ့ကာမြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူးထန်ဆူးဖူ ၊ သံမှူ ယွီပျင်းကျန်း ၊ သံမှူး လျှိုယုံကျန့် ၊ မြန်မာနိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လျှိုယင် ၊ ဒုတိယ ဥက္ကဋ္ဌ လော့ကျွင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ က တက်ရောက် ခဲ့ကြသည်။

လျှိုယင် က ဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ရွေးချယ်မှု အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့ပြီး ပထမ အကြိမ် လုပ်ငန်းရှင်များ အသင်း ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့ ပြင် လျှိုယင် က လုပ်ငန်းရှင် အသင်း အနေဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် ဦးတည်ချက် နှင့် မူဝါဒ တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အသင်းခွဲ များ နှင့် ဒေသတွင်း ကုန်သည်လုပ်ငန်းရှင်များ အသင်း တို့မှ ကိုယ်စားလှယ် တို့ က မိမိ တို့၏ လုပ်ငန်း အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အတွေ့အကြုံများ အား မျှဝေ ခဲ့ကြသည်။

 

မြန်မာနိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လျှိုယင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တွင် ဗီဒီယို ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ် (ဆင်ဟွာ)

 

ဆွေးနွေးပွဲ အား ဗီဒီယို မှ တစ်ဆင့် တက်ရောက် ခဲ့သည့် ကိုယ်စားလှယ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

သံအမတ်ကြီးချန်းဟိုင် က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ တို့ နှင့် ပတ်သက်၍ သုံးသပ်ပြောကြား ခဲ့ပြီး လတ်တလောကာလ အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ လုပ်ငန်းရှင်အသင်း နှင့် လုပ်ငန်းရှင်များ ၏ လုပ်ငန်းဆောင်ရွက်မှု ရလဒ် နှင့် ပတ်သက်၍ အသိအမှတ် ပြု ခဲ့ပြီး အသင်း အနေဖြင့် လုပ်ငန်း ဆောင်ရွက်မှု အရည်အသွေး အား မြှင့်တင်ရန် တောင်းဆိုခဲ့သည်။ ယခုနှစ်ဆန်းပိုင်း တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာ နိုင်ငံ သို့ သမိုင်းဝင် လာရောက်လည်ပတ်ခြင်း သည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ၏ ခေတ်ကာလသစ် ကို ရောက်ရှိစေခဲ့ကြောင်း ၊ အသင်း အနေဖြင့် နှစ်နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားပြီး သမ္မတ ရှီကျင့်ဖိန် လာရောက်လည်ပတ်စဉ် ရရှိခဲ့သည့် အောင်မြင်မှုများ ကို လက်တွေ့ အကောင်အထည် ဖော်သွားကာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြ ံ စသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အသင်း အနေဖြင့် အဖွဲ့ဝင် လုပ်ငန်းရှင်များ ၏ လိုအပ်ချက်ကို ဝန်ဆောင်မှုပေးသွားပြီး တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ဆောင်မှု ပေးသွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့ အနေဖြင့် ရည်းမှန်းချက် ကို မမေ့ဘဲ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အတွက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)