ရန်ကုန် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ Shining Star Group နှင့် မြန်မာ နိုင်ငံ Royal Ye Htut Moe Kaung International Co.,Ltd တို့ ပူးပေါင်းထူထောင်ထားသည့် Gold AYA Motors International Group Co.,Ltd က တရုတ် နိုင်ငံ BAIC CHANHE နှင့် BAIC DODA အမျိုးအစား ကားများ ကို တင်သွင်း ကာ မြန်မာ တွင် မော်တော်ကား များ အား ကိုယ်ပိုင် တပ်ဆင် ထုတ်လုပ်ခဲ့ပြီး သြဂုတ် ၂ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Wyndham Grand ဟိုတယ် ၌ Gold AYA အမျိုးအစား မော်တော်ကား နှင့် Changhe Q 35 ကားမော်ဒယ် အသစ် တို့ကို မိတ်ဆက် ကြေညာ ပေးခဲ့သည်။